Part-7

990 60 9
                                    

ဆေးရုံတွင် ရွာသို့ကာကွယ်ဆေးထိုးပေးမည့်အဖွဲ့များက ခရီးသည်ကားများဖြင့် နေရာယူနေကြလေသည်။ ဟိုတယ်မှ လုပ်အားပေးမည့် အဖွဲ့များကလည်း ဟိုတယ်မှ စီစဉ်ပေးသော ကားများဖြင့် နေရာယူနေကြလေသည်။ သက်ရာက ကားတစ်စီးဖြင့် သက်သက်လာမည်ဖြစ်သည်။ လောလောဆယ်တော့ လူတွေစစ်နေကြလေသည်။

ထိုအခိုက်တွေ Mercedes Benz ကားနှစ်စီး ရောက်လာလေသည်။ ထို့နောက်တွင်တော့ light truckကားများက လေးစီးလာကြသည်။ ကုန်များကအပြည့်။ Mercedes တစ်စီးပေါ်မှ ဒေါက်တာမြတ်မင်းအောင်တို့လင်မယားက ဆင်းလာသည်။ နောက်တစ်စီးတွင်က နွေကဆင်းလာသည်။

" ဒီလိုပါ...ကျွန်တော်တို့ကို နွေက သူလည်း ပစ္စည်းတွေကူချင်တယ်ဆိုလို့ ရွာရဲ့ အိမ်ခြေစာရင်းတွေကောက်ယူပြီး အိမ်ထောင်စုအလိုက် ခေါက်ဆွဲခြောက်၊ဆီနဲ့ တခြားပစ္စည်းတွေ လာလှူတာ သက်ရာကလည်း ဆေးတွေလှူတာဆိုတော့ နွေက သူ့သူငယ်ချင်းနဲ့ အတူလှူမယ်ဆိုလို့လေ"

" ဟာ...အများကြီးဝမ်းသာပါတယ်...ဒေါက်တာမြတ်မင်းအောင်...နွေက အရင်လို မဆိုးတော့ဘူး ဂျစ်လည်းမတိုက်တော့ဘူးပဲ"

" ဒီတလောပြောင်းလဲနေတော့ သူလုပ်ချင်တာ လိုက်လုပ်ပေးနေတာပဲ...ဒီသမီးပဲရှိတော့တာ သားတွေကသူ့အခြေအနေနဲ့သူပဲ"

" ဟုတ်ပါ့...ဒေါက်တာတို့ရော မလိုက်တော့ဘူးလား"

" မလိုက်တော့ဘူးဗျ...နွေက သူ့ဘော်ဒါတွေပါ ခေါ်လာတယ်လေ..သမီးကို ဂရုစိုက်ကြည့်ပေးဦးနော် ဒေါက်တာစိုးသိန်း"

" ရပါတယ် ..."

ဆေးရုံအုပ်ကြီးနှင့်သက်ရာကို ဒယ်ဒီက နှုတ်ဆက်ပြီးပြန်သွားလေသည်။ သက်ရာက အနားကပ်လာကာ

" ဘော်ဒါတွေက...လင်းအိမ်ဟန်တို့ တာရာမောင်တို့လား"

" မဟုတ်ပါဘူးဟ..သူတို့ကသူတို့ဂျူတီနဲ့သူတို့ မအားကြဘူး"

" မသိဘူး..သွားတာကရွာ..အချိန်က တပေါင်းဆိုတော့ နွေဦးကာလမြူထပြီး ထန်းရည်ချနေမှာစိုးလို့"

" အဲလိုမလုပ်ပါဘူး...ငါက သယ်ပဲသယ်သွားမှာ"

" ဒါဖြင့် ဘယ်သူတွေပါလာလို့ ကားပါလဲလာရတာလဲ"

နှလုံးသားတစ်ခုကို ထုဆစ်ခြင်းWhere stories live. Discover now