Chapter 130

1.5K 171 2
                                    

Unicode

ကုမျန် သူမတည်းခိုသည့်နေရာသို့ ပြန်ရောက်တော့ ရွှယ်ကွေ့၀မ်နှင့်တွေ့သည်။
ရွှယ်ကွေ့၀မ်သည် အံ့အားသင့်သွားပြီးနောက် သူမ၏မျက်နှာပေါ် ချိုမြိန်သည့်အပြုံးတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ "ကုလောင်ရှီး အခုမှပြန်လာတာလား?"

ကုမျန်က "ဟင်"

ဤနေရာသည် နည်းပြများနေထိုင်သည့်နေရာဖြစ်ပြီး ပါဝင်သူများသည်တော့ အခြားအထပ်တွင် နေထိုင်ကြတာဖြစ်သည်။

ရွှယ်ကွေ့၀မ်ပေါ်လာတုန်းက နည်းပြအခန်းတစ်ခန်းထဲကနေ ထွက်လာတာမှန်း သူမ ရဲရဲရင့်ရင့်ပင် ခန့်မှန်းလို့ရသည်။

ကုမျန်သည် အမျိုးသမီးခေါင်းဆောင်၏ အရေးကိစ္စများကို စိတ်မဝင်စားပါချေ။ နည်းပြဆရာနှင့် အမှန်တကယ် သီးသန့်တွေ့ခဲ့ရင်တောင် ၎င်းက သူမအတွက် အရေးမပါလှ။

သူမတို့နှစ်ယောက် နှုတ်ဆက်ပြီးနောက် ကုမျန်က တံခါးဖွင့်ပြီး အိမ်ထဲဝင်သွားလိုက်သည်။

ရွှယ်ကွေ့၀မ်၏မျက်၀န်းများသည် တဖျတ်ဖျတ်လက်သွားပြီး အောက်ထပ်ရှိ သူမအခန်းထဲကို ပြန်သွားဖို့လုပ်လိုက်သည်။

သို့သော် သူမသည် ဘေးပြတင်းပေါက်မှ အနက်ရောင်ပြိုင်ကားတစ်စီးကို သတိထားမိသွားသည်။

ည၏ဝန်းရံမှုအောက်ရှိ ထိုပြိုင်ကားသည် လမ်းမီးများ မရောက်နိုင်သော သစ်ပင်ထူထပ်သည့်အရိပ်အောက်တွင် တိတ်တဆိတ် ရပ်ထားသည်။ ရွှယ်ကွေ့၀မ်သာ မျက်လုံးကောင်းလို့ မဟုတ်ရင် သူမ ဒါကို သတိမမူမိဖြစ်သွားနိုင်သည်။

နှစ်မိနစ် သို့မဟုတ် သုံးမိနစ်ကြာပြီးနောက် ပြိုင်ကားသည် ပြန်လည်ထွက်ခွာသွားတော့သည်။ လေအော်သံနှင့် ၎င်း၏ထူးခြားသောပုံသဏ္ဍာန်သည် ဤပြိုင်ကား၏ ခံ့ညားမှုနှင့် တန်ဖိုးကြီးမှုကို အခြားသူများအား ပြောပြနေသည်။

ရွှယ်ကွေ့၀မ်သည် ကုမျန်၏ပိတ်ထားသော တံခါးကို မသိစိတ်ဖြင့် ပြန်ကြည့်လိုက်မိသည်။

ကုမျန်က ဒီကားနဲ့ ပြန်လာခဲ့တာလား။
ကုမျန် အခန်းထဲ ပြန်ရောက်သွားပြီး မီးဖွင့်လိုက်တာကြောင့် အဲ့ဒီပြိုင်ကားက ထွက်သွားတာလား။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now