Part-3

376 23 2
                                    

~အရှင်~

{အစိမ်းသက်သက် Season -2}

အပိုင်း(၃)

"သားတော်က အဲ့ဒီပန်းသည်မိန်းမပျိုလေးကို သဘောကျနှစ်ခြိုက်တာလား.....သားတော်မှာ အခုကိုယ်လုပ်တော်
ငါးယောက်ရှိနေပြီဆိုတော့ ကိုယ်လုပ်တော်ထပ်ချီးမြှောက်ဖို့
မလိုတော့ဘူး ထင်တယ် "


"သားတော်က အဲဲ့ဒီမိန်းမပျိုလေးကို ကိုယ်လုပ်တော်နေရာမှာ
မထားချင်သေးပါဘုရား....နောက်ပြီး အသက်အရွယ်လည်း
ငယ်သေးတော်မူတာကြောင့် သားတော်အတွက် မယားအရာမြှောက်ဖို့လည်း သနားတော်မူပါသေးတယ်...သူ့ကို
သားတော်အနားမှာ အမြဲမြင်တွေ့ချင်မိပြီး ခေါ်ထားချင်တာပါဘုရား"



"အိမ်း....သားတော်တောင် အချစ်စစ်ကိုတွေ့ပါပြီလား....
သားတော်ရဲ့မိခင် ငါကိုယ်တော်ရဲ့မိဖုရားခေါင်ကြီးကို
စတွေ့ခါစအခါတုန်းကလိုပါဘဲလား........ "



"မယ်မယ်က ခမည်းတော်ကို ပြန်လည်နှစ်ခြိုက်ပါသလား ဘုရား"



"ဟွန်း.....မင်းမယ်မယ်က ခမည်းတော်ကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင် မထင်ခဲ့ပါဘူး....သူ့ကိုလှမ်းကမ်းတဲ့ အတိုင်းတိုင်းအပြည်ပြည်က မင်းညီမင်းသားတွေရှိနေတော့ မင်းမယ်မယ်ခမျာ စိတ်ရှုပ်ရုံကလွဲရင် အချစ်ကိုမခံစားရဘူးလေ......."



"ဒါဆို ဖခမည်းတော်ကို ဘယ်အချိန်သဘောကျသွားတာလည်း ဘုရား......"



"ထိမ်းမြားမလက်ထပ်မီ တစ်ရက်အလိုမှာ
သဘောကျသွားခဲ့တယ်......"



"အဟွန်း..... "



မယ်မယ်ဟာ မန္နရတိုင်းပြည်၏ ထိပ်ခေါင်တင်မင်းသမီးတစ်ဦးဖြစ်သည့်အလျောက် မာနတရားလည်းအလွန်ကြီးလေသည်။
။ ဖခမည်းတော်၏ ဇွဲရှိရှိနှင့် ကြိုးစားမှုကြောင့်သာ ခင်ပွန်းသည်အဖြစ်လက်ခံခဲ့တာဖြစ်ပေလိမ့်မည်။


အခုထိတောင် မယ်မယ်ဘုရားအား လိုချင်ကြံစည်နေသောသူများရှိနေသေးသမို့ ထိုတိုင်းပြည်ကဘုရင်များနှင့် ခမည်းတော်
စစ်ခင်းနေရတာမဟုတ်လား....

အလှတရားမှာလည်း သူမတူအောင်လှပသည့် မယ်မယ့်ကို မိဖုရားဖြစ်သွားတာတောင် လိုချင်သူတွေဒုနှင့်ဒေးပင်။


~အရှင်~Where stories live. Discover now