Part-4

305 17 2
                                    

~အရှင်~

(အစိမ်းသက်သက် Season-2)

အပိုင်း(၄)


"နီထန်....ထွက်ခဲ့တော့....ငါပြန်တော့မယ်....."

အရှင့်မိန်းမပျိုခေါ်နေသည့် နီထန်ဆိုတာ ဘယ်သူများပါလိမ့်.....
သူမတွင် အဖော်တွေပါလာ၍များ ခေါ်နေတာလား....

နားကြားများမှားသွားသည်လားဟု ထင်ရသော်လည်း
ချုံတွေထူထဲနေသော လျှိုကြီးထဲမှ

ကျားရဲကြီးတစ်ကောင်သည် သူမအနားသို့ တရွေ့ရွေ့ချဥ်းကပ်လာသည်။

အန္တရာယ်များလွန်းသော သတ္တဝါဖြစ်၍ သူ့မှာသွား၍
အကယ်ရခက်   ...ကယ်လိုက်၍ ကျားရဲကြီးအား
မတိုက်ခိုက်နိုင်ပြန်လျှင်လည်း နှစ်ယောက်စလုံး
အသက်ဘေးပြေးမလွတ်လောက်မည့်ကိန်းပင်......

သို့သော်လည်း ကျားကြီးသည် ရန်လိုခြင်းအလျဥ်းမရှိပါဘဲနှင့်
သူမအနားသို့ ဝပ်တွားခယ၍ လာလေသည်။သူ့မျက်လုံးအစုံ ကျယ်ပြန့်သွားရ၏။



ဤမိန်းကလေးက ဤမိန်းကလေးက ကျားရဲတစ်ကောင်ကိုတောင် အမိန့်ပေးနိုင်စွမ်းရှိတာပါ့လား...........


~~~~~


"ပိုးဥကို အိမ်ရှေ့စံမင်းသားက အလိုရှိတယ် ဟုတ်လား ဘိုးဘိုး "



"ငါ့မြေးလေးကံကောင်းတာပေါ့ကွယ်"



"အို....အဲ့ဒီကိုယ်လုပ်တော်ဘဝမျိုး ထိုင်ပြီးစည်းစိမ်ခံစားနေရတဲ့ဘဝမျိုးမှာ ပိုးဥမနေချင်ဘူး....ပိုးဥပန်းတွေလျှောက်ခူးပြီး...
အခုလိုမျိုးလေးဘဲ အေးအေးချမ်းချမ်း နေချင်တယ်..."



"မရဘူး   ငါ့မြေး......မင်းပြစ်မင်းဒဏ်သင့်လိမ့်မယ်..ပြီးတော့ အိမ်ရှေ့မင်းသားရဲ့မိဖုရားနေရာကို လိုချင်ကြတဲ့
တိုင်းပြည်အသီးသီးက မင်းသမီးတွေ.....မျိုးရိုးမြင့်မိန်းမပျိုမှ အများကြီးပဲ... အဲ့ဒီထဲကမှ ငါ့မြေးလေးက
ကံအကောင်းဆုံးဖြစ်သွားတာ"


"အိမ်ရှေ့မိဖုရား မဖြစ်ချင်ပါဘူး...အဘိုးရယ်.....ဒါ့ထက် ပိုးဥကိုအိမ်ရှေ့စံက ဘယ်လိုများမြင်တွေ့သွားရတာလည်း"


~အရှင်~Where stories live. Discover now