~အရှင်~
(အစိမ်းသက်သက် Season -2)
အပိုင်း(၅)
"ကိုယ်တော်တို့ဆုံဖူးကြတယ်မို့လား..."
"ဟိုကုန်သည်ဘဲ....အရှင်ကသူဖြစ်နေခဲ့တာလား...."
နှစ်ခြိုက်စွာပြုံးပြီးနောက် သူမ၏မေးဖျားတွေအား သူ့မျက်နှာနှင့်နီးကပ်အောင် ဆွဲယူလိုက်သည်။ထိုအခါရေထဲသို့တိမ်ဝင်နေသော သူမသည် အပေါ်သို့မြှင့်တက်၍ ပါလာလေ၏။
မမြင်သင့်သောအစိတ်အပိုင်းများအား သူမလက်ဖြင့်
အလျှင်အမြန် ပိတ်ကာပစ်လိုက်သည်။အရှင်သည် သူမ၏မျက်လုံးတွေအား သေချာစိုက်ကြည့်နေလေ၏။အရှင့်၏အကြည့်တွေသည် ပျော်ဝင်လုမတတ်ပင်။
"ကိုယ်တော်က အဲ့ဒီအချိန်တုန်းက မင်းကိုလိမ်ညာခဲ့မိတယ်... "
"ကျွန်တော်မျိုးမကို အဲ့တုန်းကတည်းက တွေ့ဖူး၊ဆုံဖူး
ကြုံဖူးတာပါလားဘုရား....""ဘယ်ဟုတ်မလည်း.....ကိုယ်တော်နန်းတွင်းမှာကတည်းက
မင်းကိုမြင်ဖူးခဲ့တာ....ပန်းတွေကိုမုန်းတယ်ဆိုတဲ့အိမ်ရှေ့စံက ပန်းတွေနဲ့မင်းကို မြင်မြင်ချင်းစွဲလမ်းသွားမိပြီး မင်းနေထိုင်ရာအရပ်အထိရောက်လာခဲ့တာ..... ""ဒါဆို အရှင်က ကုန်သည်ပုံစံဟန်ဆောင်ပြီး ကျွန်တော်မျိူးမဆီလာခဲ့တာပေါ့"
"သိပ်မှန်တာပေါ့ လုံမငယ်ရယ်"
အရှင်သည် နက်နဲသောအသံဖြင့် နားနားသို့ တိုးကပ်ပြီး
ပြောသောအခါ ကြက်သီးမွှေးညှင်းများထမတတ်ဖြစ်သွားရပြီး အရှင့်၏ချောမောပြေပြစ်လွန်းလှသော မျက်နှာတော်အား
မော့မကြည့်ဝံ့ဘဲ လည်တိုင်ကိုသာ စောင်းငဲ့ပြီး နေမိ၏။သုံးတောင်ဝတ်ယောကျ်ားသားတစ်ဦးနှင့် ထိတွေ့ရသည်ဆိုတာ
ဒီလိုမျိုးလား......ခပ်ငယ်ငယ်ကလေးဘဝကတည်းက
ယခုအရွယ်ရောက်ပြီးပါသော အချိန်အထိ
မည်သည့်ယောကျ်ားသားနှင့်မျှ မထိတွေ့ဖူးဘဲ အရှင့်ကြောင့် ပထမဦးဆုံးအကြိမ် စိတ်လှုပ်ရှားရပါသည်။
YOU ARE READING
~အရှင်~
Romanceပန်းတွေမုန်းသော အိမ်ရှေ့စံနှင့် ပန်းသည်မလေးတို့၏တွေ့ဆုံမှု 💓 အစိမ်းသက်သက်