Episode 6

279 19 1
                                        

ထွက်သွားသူကတော့ ဘယ်လိုနေမယ်မသိ။ကျန်ရစ်ခဲ့ရသူကတော့ တော်တော်ခံစားရသည်။ရှိနေတုန်းက မခေါ်မပြောဆိုပေမယ့် မနေနိုင်တဲ့သူကပဲ ခိုးကြည့်ခဲ့ရသည်။သူ ဘောလုံးကစားနေတိုင်း အဝေးတစ်နေရာကနေလှမ်းကြည့်ကာ စိတ်ပူနေတတ်သည့်သူ။သူဖျားသည့်အချိန် အခန်းထဲခိုး၀င်ပြီးမိမိကုတင်ဘေးနားတွင် အိပ်စောင့်ပေးတတ်သည့်သူ။လွမ်းတယ် ကိုကို။
ဒီတစ်ခါ ခွဲပြီးရင် ကျွန်တော်တို့ ထပ်မခွဲဘဲနေကြရအောင်။အဲ့အချိန်ကျ ကိုကိုမချော့လည်း ကျွန်တော်စိတ်ဆိုးပြေပါ့မယ်။

ပေကျင်းမြို့၏ စိုစွတ်နေသောမိုးရာသီက ရှောင်ကျန့်ရင်ထဲက အလွမ်းတွေကို ချပြရန် တောင်းဆိုနေသလိုပင်။ပါးက ကျောင်းဆောင်တွင် မနေစေဘဲ သူ၀ယ်ထားသောအိမ်တွင်သာ နေစေသည်။ချက်ပြုတ်ပေးသည့်အဒေါ်ကြီးတစ်ဦးနှင့် ခြံစောင့်ဦးလေးကြီးတစ်ဦးထားပေးကာ ရှောင်ကျန့်အတွက် လိုလေသေးမရှိအောင် စီစဉ်ပေးသည်။အိမ်က နှစ်ထပ်အိမ်ဖြစ်ကာ ခြံကကျယ်၀န်းလှသည်။

"လိုအပ်တာရှိရင် ပါးကို အသိပေးပါ ကျန့်အာ"

"ဟုတ်ကဲ့ပါ ပါး။ကျွန်တော်လိုအပ်တာမရှိအောင် ပါးစီစဉ်ပေးထားပြီပဲ။စိတ်ချပါ ပါး"

"‌မင်း ရိပေါ်ကိုစိတ်ပူနေတာလား ကျန့်အာ"

"ဟုတ် ကျွန်တော်........"

"ပါးနဲ့ တူလို့ထင်တယ်။သူက ခေါင်းမာပြီး သူလုပ်ချင်တာကို တဇွတ်ထိုးလုပ်တတ်တယ်။ပါး သူ့ကိုစောင့်ကြည့်ထားမှာမို့
ကျန့်အာ စိတ်မပူနဲ့"

"ဟုတ်ကဲ့ပါ ပါး"

ပါး ပြန်သွားပြီးနောက် ရှောင်ကျန့်ပစ္စည်းများကို အိပ်ခန်းထဲတွင် နေရာရန်ပြင်လိုက်သည်။ပစ္စည်းများ နေကျချထားပြီးချိန်ပြတင်းပေါက်မှ တဖွဲဖွဲကျဆင်းနေသည်ကိုငေးကြည့်နေသည်မှာ ဘယ်‌အချိန်ရှိပြီကိုပင် သတိမထားမိ။ထမင်းချက်ပေးသည့်
ဒေါ်လေးမိန်လာခေါ်မှ ည‌စာအချိန်ရောက်မှန်းသိသည်

"ဒေါ်လေးမိန်တို့နှစ်ယောက်လည်း အတူတူလာစားလေ။ဟင်းတွေက အများကြီးကို"

ရှောင်ကျန့်စကားကြောင့် ဒေါ်လေးမိန်နှင့်ဦးလေးဖန်တို့က
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
"ဒေါ်လေးတို့ သက်သက်စားလိုက်ပါ့မယ်"

Don't Leave Me (Yizhan)Where stories live. Discover now