part 1

1.9K 57 0
                                    

တစ်ခန ဆုံတွေ့ရာကနေ တစ်ဘဝစာဖြစ်လာတဲ့ အခါ လူတွေက ပြောင်းလဲလာကြတယ်။ဘယ်အရာမဆို အချိန်ရဲ့တိုက်စားခြင်းကို ခံရတာ နိယာမမို့ ရေရှည်တည်မြဲဖို့ကို မမျှော်လင့်သင့်ဘူး။တစ်ချိန် လူတိုင်းသွားရမယ့်လမ်း က တစ်လမ်းဘဲ ရှိတာမို့ စိတ်ချမ်းသာဖို့နဲ့ မျော်လင့်ချက်ကင်းကင်း ရှင်သန်နိုင်မယ့် လမ်းကိုသာ ရွေးသင့်သည်။အင်း။အဲ့ဒီလို ရွေးဖို့ကလဲ မလွယ်ပြန်ဘူး။ပုထုဇဉ်တွေမို့ လူတိုင်း အချစ်နဲ့ မကင်းကြပြန်ဘူး၊အချစ်ရှိရင် အလွမ်းရှိမယ်၊ မေတ္တာရှိရင် သံယောဇဉ်ရှိမယ် လွတ်လမ်းမရှိပေ။ထိုအပေါ်မှာ လိုချင်တက်မက်တဲ့ အတ္တ ဘာ တိုးလာလိမ့်မယ်။ထိုအခါဆိုရင်တော့ အမျိုးမျိုးသော မျက်ရည်တွေ၊ပြသနာတွေ ရဲ့ အရင်းခံဖြစ်လာရော။

ကျွန်မက အဲ့လိုအရာတွေကို သိသိရက်နဲ့ မေတ္တာရှိမိလေရဲ့။မချစ်သင့်တဲ့လူကိုမှ ချစ်မိလေရဲ့။ကျွန်မလောက်မိုက်တဲ့လူ ဒီကမ္ဘာမှာ ရှိပါ့အုန်းမလားရှင်။ အေးဆေးနေတဲ့ ဘဝထဲ မျက်စိရှေ့ ရောက်လာတဲ့ ပန်းကလေးတစ်ပွင့်ကို မေတ္တာရှိမိရာကနေ တည် ငြိမ်နေတဲ့ ကျွန်မဘဝ မှာ လှိုင်းဂယက် ‌က‌ လေးထဖြစ်ခဲ့ရပြီး။တစ်ခုထပ်ပြောရရင် ထိုပန်းကလေးရဲ့ အမှားမဟုတ်ဘဲ ကျွန်မသာလျင် မှားခဲ့ မိုက်ခဲ့မိခြင်းပင်။

ကိုယ်ပိုင် မိသားစုရှိပြီးသား မိန်းမတစ်ယောက်မို့ ဘာကိုမှ အရဲမစွန့်နိုင်သလို ပထမဆုံးချစ်မိတဲ့ ကိုယ့်နှလုံးသားကိုလဲ မလွန်ဆန်နိုင်ခဲ့ပေ။အရာရာက အခုလိုဖြစ်ဖို့ အကြောင်းဖန်လာခဲ့သည် ထင်ပါသည်။

一一一一一一一一
လွန်ခဲ့တဲ့ ၁၅နှစ်လောက်က、

" မိနွယ် ညည်း နောက်တစ်ပတ် သူဌေးလေး မောင်ကောင်းသန့်နဲ့ လက်ထပ်ရမယ်"

"ရှင်!.."

" ဟုတ်တယ် ညည်းသာ မောင်‌ ကောင်းသန့်နဲ့ လက်ထပ်ရင် ငါ ဖဲရှုံးလို့ ချေးထာတဲ့ငွေနဲ့ ပေါင်ထားတဲ့ အိမ်စာချုပ်ပါ ပြန်ပေးမယ်တဲ့၊ အဲ့ဒီတော့ ညည်းလက်ထပ်ဖို့ကို ငါလက်ခံလိုက်တယ်၊အခုက ညည်းကိုအသိပေးတာ"

ဒေါ်လေးရဲ့စကားတွေက ကျွန်မရဲ့နှလုံးသားနဲ့ ခံစားချက်တွေကို ထည့်မတွက်ဘဲ အရုပ်တစ်ရုပ်ကိုပိုက်ဆံနဲ့ လဲလိုက်တဲ့ သဘောပင်။ဘာမှပြန်မပြောနိုင်ခင် မျက်ရည်တွေသာစီးကျလာခဲ့သည်။

ချစ်ပြုံး နှင်းဆီ(completed)Where stories live. Discover now