part 7

826 44 3
                                    


နွယ် စာရင်းစစ်ပြီး ပြန်လာတော့ ၃နာရီပင် ထိုးလေပြီး။‌၂ပတ်လောက်ပစ်ထားတာမို့ ခေါင်းရှုပ်စရာတွေရှိပေမဲ့ ထူးထူးခြားခြား စိတ်ကြည်နေသည်။အပြန် တစ်ယောက်တည်း ကားမောင်းနေရင်း တိတ်ဆိတ်နေသည်မို့ radio ကိုဖွင့်လိုက်တော့

" ကိုယ့်နှလုံးသားလေးလဲ....... ရင်ခုန်နှုန်း ထိန်းဖို့ခက်ပြီး..မမြင်အောင် တင်းထားလို့မရ ..မယုံနိုင်ဘူး မင်းနဲ့တွေ့စဉ်..၊ဒါအချစ်လို့ ခေါ်သလား ကိုယ်မသိလိုက်မိ ...ရင်ခွင်ထဲတိုး.....နောက်ဆုံးတော့....မင်းနဲ့မှ ချစ်တတ်ပြီပေါ့...."

ဇော်ပိုင်ရဲ့အသံက ငြိမ့်ငြိမ့်ကလေးထွက်လာနေသည်။ကား စတီယာရင်ကို ကိုင်ထားတဲ့ နွယ်လက်တွေက စည်းချက်အတိုင်း လှုပ်ရှားနေသည်။ထို့နည်းတူ နွယ့်နှလုံးသားလဲ စည်းချက်ကျကျ ခုန်နေလေသည်။အခုမှ ၁၆နှစ်အရွယ်ကလေးတစ်ယောက်လို့ ရင်ခုန်မိနေသည်။မြင်‌နေကျ ပတ်ဝန်းကျင်က အရာရာဟာလည်း ဒီနေ့မှ ပိုအသက်ဝင်နေသလို။

မျက်နှာပေါ်က အပြုံးကိုမရပ်တန့်နိုင်သလို ဘေးလူတွေတောင်မေးရတဲ့အထိပေ။

"သမီးနွယ်.... ကောင်းတဲ့ကိစ္စတစ်ခုခုရှိလို့လားကွယ်"

"ရှင်..ဘာလို့လဲ ကြီးတင်ရဲ့"

"မသိဘူးလေ သမီးမျက်နှာလေးကြည့်ရတာ ကြည်လင်နေလို့လေ နောက်ပြီး ဒီအိမ် စရောက်ကတည်းက သမီးဒီလိုပြုံးပြီး မျက်နှာလေးကြည်နေတာ ဒါပထမဆုံးဘဲ.ဆိုတော့ ကောင်းတဲ့ကိစ္စများရှိခဲ့လို့လားလို့ပါကွယ်"

"အဲ့လိုဘဲ ဆိုပါတော့ ကြီးတင်ရယ်"

နွယ်နှင်းဆီရယ်ရူးလိုက်ပါဘိ။မာန ကြီးတဲ့ နှင်းဆီ၊ဒဏ်ရာတွေနဲ့ နှင်းဆီ ၊မျက်နှာတည်တဲ့ နှင်းဆီ စတဲ့ဂုဏ်ပုဒ်တွေကို ခနမေ့ပြီး နူးညံ့တဲ့ နှင်းဆီဖြစ်လို့နေသည်။ဆက်ထိုင်နေရင် ကြီးတင်ထပ်မေးနေရင် ဖြေရခက်ပါသည်။တကယ်လဲ ရေရေရာရာဘာအကြောင်းမှ မရှိဘဲ နွယ့် ပျော်နေမိတာဘဲ။

နောက်ပြီး ဒါက မဖြစ်သင့်တာဘဲ။နွယ်က အိမ်ထောင်သည်တစ်ယောက်။ကိုယ်အိမ်ထောင်ဘက်ကို မချစ်ရင်တောင်သစ္စာရှိရမယ်။တခြားလူအပေါ် ရင်ခုန်မိတာက ဖောက်ပြန်တာနဲ့တူတူဘဲ။သတိထားစမ်း မိနွယ်။

ချစ်ပြုံး နှင်းဆီ(completed)Where stories live. Discover now