လရောင်သတိမေ့ နေတဲ့အတော့အတွင်း အဖြစ်အပျက် တော်တော်များများ ဖြစ်သွားခဲ့သည်။ထွဠ်ခေါင် ကအဖမ်းခံရပြီး ထောင် ကျခဲ့သည်။ပြီးတော့ နွယ်... ကောင်း ဆီကနေ စာတစ်စောင် နဲ့ကွာရှင်းစာချုပ်ကို လဲ ရခဲ့သည်။စာထဲမှာ ရေးထားတာက..
'မမ
ကျွန်တော့ မမကို တကယ်ချစ်ခဲ့ပါတယ် ချစ်လွန်းလို့လဲ အခုလိုနည်းနဲ့ ပိုင်ဆိုင်ဖို့ကြိုးစားခဲ့မိတာ။အခုလို မမ အဲ့ဒီကောင်မလေးအပေါ် ချစ်နေတာ မြင်ရတော့ ကျွန်တော်မခံစားနိုင်ဘူး.. အဲ့တာထက်မမ မျက်ရည်ကျနေတာကို ပို မကြည့်ရက်နိုင်ဘူး..ဒါကြောင့် ကျွန်တော့ဆုံးဖြတ်ချက်ချပြီး ဒီစာချုပ်ကို မမဆီပို့ပေးလိုက်တာ။လူကိုယ်တိုင်မလာတာကတော့ မမကို တွေ့ရင် ကျွန်တော် မစွန့်လွတ်နိုင်တော့မှာ စိုးလို့ အခုလို စာနဲ့ ပို့ပေးလိုက်တာပါ။
ကျွန်တော့ရဲ့အပြစ်တွေအတွက် တောင်းပန်ပါတယ် သားကို ခေါ်ပြီး ကျွန်တော်တို့ နိုင်ငံခြားမှာ သွားနေတော့မယ် ဒါကြောင့် မမဘဝကို မမကြိုက်သလို လွတ်လွတ်လပ်လပ် နေပါတော့ ဒါဟာလဲ သားနဲ့ မမကို ခွဲတာမဟုတ်ပါဘူး မမတွေ့ချင်ရင် အချိန်မရွေးသားကို ဆက်သွယ်နိုင်ပါတယ် အောက်ဆုံးမှာ သားကို ဆက်သွယ်ဖို့ နံပါတ်ပါထည့် ပေးထားတယ်။ပြီးတော့ သားအတွက်လဲ စိတ်မပူပါနဲ့ သားက နားလည်ပေးပါတယ် 'မေမေ မငိုတော့ရင် ရပါပြီးတဲ့'ဒါကြောင့် စိတ်မပူဘဲ မမချစ်တဲ့ လူနားမှာ အေးအေးဆေးဆေးနဲ့ ပျော်ပျော်ရွင်ရွင်နေပါတော့..
ကောင်း'
ဖတ်ပြီး ရှိုက်ငိုမိသလို ကောင်းနဲ့ သားကို ကျေးဇူးတင်ရပါသည်။တကယ်ဆိုရင် နွယ် အဲ့ဒီကလေးမသတိရလာရင် အနားက အပြီးအပိုင်ထွက်သွားဖို့စဉ်းစားခဲ့တာ။နွယ်ရှိနေရင် နွယ်ကြောင့်နဲ့ သူ့ဒဏ်ရာရနိုင်သည်။နွယ်ကိုယ်တိုင်ကလဲ ဘာမှ မလုပ်ပေးနိုင်တာက ပိုပြီး ယူကြုံးမရဖြစ်ရသည်။ပြီးတော့ သားအတွက်လဲ နွယ် နောက်ဆံတင်းနေမိသည်။သားက အရွယ်ရောက်နေတဲ့ ကလေးတစ်ယောက်ဖြစ်နေခဲ့ပြီး ကျောင်းမှာဘဲဖြစ်ဖြစ် သူငယ်ချင်းတွေကြားမှာဘဲ ဖြစ်ဖြစ် နွယ်တို့ကြောင့် မျက်နှာငယ်မှာကို စိုးရိမ်မိပေမယ့် ကောင်းက အကုန်စီစဉ်နိုင်ခဲ့တာဘဲ။
YOU ARE READING
ချစ်ပြုံး နှင်းဆီ(completed)
Fantasyအေးစက်ပြီး မှောင်မိုက်နေတဲ့ ကျွန်မဘဝထဲကို မေလရောင်ဆိုတဲ့ အလင်းရောင်ကလေး ဝင်ရောက်လာခဲ့တဲ့နောက်......