part 8

768 40 0
                                    


       ထိုမှနောက်ပိုင်း ကုန်တိုက်ကို ပြေးလိုက် သားကို ကြိုပို့လိုက် ချာတိတ် နဲ့ တစ်ခါတစ်လေ တွေလိုက်နဲ့  ကုန်ဆုံးနေလေသည်။ချာတိတ်လဲ ဆေးခန်းထိုင်နေတာမို့ သိပ်မတွေ့ဖြစ်ပါ တစ်ခါတစ်လေ သားကို သွားကြိုတဲ့အချိန်သာ တွေ့လေ့ရှိသည်။နောက်ပိုင်းတော့ သားတို့ကျူရှင်ရှေ့က အပင်အောက်က ခုံဝိုင်းလေးက နွယ်တို့ထိုင်တဲ့နေရာဖြစ်ခဲ့သည်။

ချာတိတ်နဲ့လဲ အတော်အသင့် စကားပြောဖြစ်လာခဲ့သည်။ချာတိတ်က သူနဲ့တွေ့ရင် သူကြုံရတဲ့ အတွေ့အကြုံတွေနဲ့ ကလေးတွေရဲ့ အကြောင်းတွေကို ပြောပြလေ့ရှိသည် ထိုအခါမျိုးဆိုရင် နွယ်က ခေါင်းညိတ် ထောက်ခံပြီး သူပြောတာကို နားထောင်ပေးဖြစ်သည်။

ချာတိတ်အဒေါ်ဆရာမတောင် နွယ့်ကိုပြောလာသည် သူ့တူမလို ရေခဲတုံးက သူကိုတောင် စကားငါးခွန်းပြည့်အောင်မပြောဘဲနဲ့ နွယ်နဲ့ဆို ပေါက်ပေါက်ဖောက်ဖောက်နေတယ်တဲ့။တအားခင်လို့ဖြစ်မယ်တဲ့။

အင်း။အဲ့လိုဘဲ ဖြစ်မှာပါ။အဲ့လိုဖြစ်မှလဲ ရမှာ။

အခုလဲ နွယ့်အနား မှာ စာကလေးလို သူ့လူနာကလေးတွေ့ ‌အကြောင်းပြောနေလေသည်။

"အန်တီသိလား မနေ့ညကလေ  လရောင်ဂျုတီအချိန်မှာ အဖွားအို တစ်ယောက်နဲ့၅နှစ်အရွယ်ကလေးတစ်ယောက် ရောက်လာတယ်။က‌ လေးကို ဆေးခန်းလာပြတာတဲ့ ၊လရောင်လဲ ကလေးဘာဖြစ်လဲဆိုတာသိရအောင် ကလေးရဲ့မျက်နှာကို ကြည့်မိတော့ ကလေးရဲ့ မျက်နှာတစ်ခြမ်းကညိုပြီးမျက်လုံးတစ်ဖက်က နီရဲနေတာ..... မြင်မြင်ခြင်း လရောင်တောင် လန့်သွားတယ် ဘာဖြစ်လာတာလဲပေါ့။ အဲ့တာနဲ့ လရောင်လဲ ကလေးအဖွားလို့ထင်ရတဲ့ အဖွားကို မေးလိုက်တာပေါ့"

"ဆက်ပြောပါအုန်း..ဘာဖြစ်လာတာ တဲ့လဲ"

"ဘာဖြစ်တာလဲ ဆိုတော့ ကလေးရဲ့မိထွေးဖြစ်သူက ကလေးကို ရိုက်တာတဲ့ ဘယ်လောက်တောင်ရိုက်ထားလဲမသိဘူး ကလေးခဗျာ လူတွေကိုတောင် ကြောက်နေတဲ့ပုံမျိုးဖြစ်နေတာ သနားစရာလေး"

"အဲ့လောက်တောင်ဆိုးတာလားကွယ်.. ကလေးလေး သနားပါတယ်"

"ဟုတ်ပ အန်တီရယ်... ကလေးက နေပြန်ကောင်းရင်တောင် အိမ်ပြန်ရောက်လို့  နောက်တစ်ခါထပ်ရိုက်ရင် ဘယ်လိုလုပ်မလဲလို သူ့အဖွားကိုမေးတော့သူ့အဖွားက ကလေးနေပြန်ကောင်းရင် ကလေးကို မိဘမဲ့ ဂေဟာကို ပို့လိုက်မယ်တဲ့ အဲ့ဒီမှာဆိုရင်တောင် သူ့မြေးဘဝက ကောင်းကောင်း နေလို့ရနိုင်သေးတယ်တဲ့လေ"

ချစ်ပြုံး နှင်းဆီ(completed)Where stories live. Discover now