9

2K 58 1
                                    

The smell of olives - 9

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_Heat: Wattpad

Omega_heat: Telegram

ခေတ် ၊ ရာဇ်အား ရုတ်တရက် လန့်ထိတ်သည့်အမူအရာနဲ့ လှဲ့ကြည့်ပြီး ထထိုင်လိုက်သည်။ ဖယ်ရိုမုန်းတွေအကြောင်း သူအများကြီးမသိဘူး ဒါပေမဲ့ လိင်ဆက်ဆံပြီးတဲ့အခါ ဖယ်ရိုမုန်းက သူ့ရဲ့ပထမဆုံး ကိုစွဲလန်းတတ်ကြောင်းတော့သိသည်။ ဒါပေမဲ့ ခေတ်က အိုမီဂါ မဟုတ်တာကြောင့် ဒီလောက်ထိလိုလိမ့်မယ်မထင်ထားဘူး

"ဒါပေမဲ့ မင်းမှာပါတနာရှိနေတာပဲ "

"ငါသူ့ကိုတန်ဖိုးထားချင်တယ် "

ရာဇ်ပြောပြီးပြီးချင်းကျောခိုင်းပြီးလှည့်ထွက်သွားသည်။ မိုးသက်ကိုတန်ဖိုးထားပေးလို့ ဝမ်းသာပေမဲ့ ငါ့အတွက်ကရော ငါ့အတွက်ကရောလို့ အော်ဟစ်ပြီးမေးချင်မိသည်။ဒါပေမဲ့ သူ့လည်ချောင်းထဲမှာ အသံတစ်နေခဲ့တယ် နှုတ်ခမ်းတွေတဆက်တက်တုန်ယင်လာပြီး နှာခေါင်းထဲချဥ်စူးသွားခဲ့သည်။မျက်လုံးထက်မျက်ရည်ပူတွေတလဟောကျဆင်းကုန်သည်။ရှိုက်ကြီးတငင် နာနာကျင်ကျင်ငိုမိခဲ့သည်။အသံတွေထွက်ပြီ ငိုမိတာကြောင့် ပါးစပ်နဲ့လက်ကိုအုပ်ထားမိသည်။

ဟင့်အင်း မလိုချင်ဘူး မလိုချင်ဘူး

"ငါမလုပ်ချင်ဘူး "

ငါလည်းအဲ့လောက်အပေါစားမဆန်ချင်ဘူး

"မင်းမလုပ်လို့မရဘူး ..."

အခန်းထဲပြန်ဝင်လာလာချင်အော်ပြောလိုက်သည့်စကား စူးရဲနေတဲ့အကြည့်တွေနှင့်အတူ

"မင်းနဲ့ငါ လိုးခဲ့ကြတဲ့အကြောင်းမိုးသက်ကိုငါဖွင့်ပြောရလိမ့်မယ်"

"ဟင့်အင်း ဟင့်အင်း အဲ့လိုတော့မဖြစ်ဘူး-"

ရာဇ်ရဲ့လက်ကိုဆွဲကိုင်ပြီးခေါင်းတွေခါယမ်းပြီးငြင်းဆန်ခဲ့ရသည်။မျက်ရည်တွေကဖြာထွက်နေပြီး ရာဇ်ကိုတောင်ကောင်းကောင်းမမြင်ရတော့

"မဖြစ်ရင် မင်းငါနဲ့အိပ်ရမှာပဲ "

"ဟင့် မိုးသက်သိလို့မဖြစ်ဘူး မပြောပါနဲ့ အင့် အင့် ဟင့် တောင်းပန်ပါတယ်"

The Smell of Olive (Complete )Where stories live. Discover now