အပိုင်း_၆

1.2K 166 28
                                    

( UNICODE Version )

( အပိုင်း_၆ )

ထယ်ယောင်းကိုငြင်းလိုက်ပြီးသည့်နောက်မှာ ထယ်ယောင်းသူ့ကိုစိတ်ဆိုးသွားခဲ့တယ်။Alphaတစ်ယောက်ရဲ့မာနကို ထိပါးပါတယ်ဆိုပြီး ဂျီမင်းကိုအမျက်ထွက်နေကာ စကားလည်းမပြောတော့ဘူး။ဒါတော့ ဂျီမင်းလည်းမတတ်နိုင်ပါဘူး။သူ့စိတ်ကိုယ် သူကိုယ်တိုင်လက်ခံနိုင်ပြီဆိုရင်တော့ စကားပြန်ပြောမယ်ထင်ပါရဲ့။

ထယ်ယောင်း သူ့ကိုမချစ်ဘူး။အဲ့ဒါသေချာတယ်။သူငယ်ချင်းတစ်ယောက်လိုချစ်ချင်ချစ်ခဲ့လိမ့်မယ်။ဒါပေမယ့် လက်တွဲဖော်တစ်ယောက်လိုတော့ အလျှော့ပေးပြီးမချစ်ပြခဲ့ဖူးဘူး။Alphaတွေအတွက် မဖြစ်မနေလက်တွဲရှာရတော့မယ့်အချိန်မှာ သူ့အနားမှာတစ်ချိန်လုံးရှိနေခဲ့တဲ့ဂျီမင်းကို သူလက်ထပ်မယ်လို့လွယ်လွယ်တွေးပြစ်လိုက်တာ။

သူ မသိတဲ့လူကိုလက်ထပ်ရမှာထက်သူသိတဲ့ဂျီမင်းကိုပဲ လက်ထပ်ရလိမ့်မယ်လို့ သူဟာသူလွယ်လွယ်တွေးနိုင်ပေမယ့် ဂျီမင်းကတော့အဲ့လိုမဖြစ်ချင်ဘူးလေ။သူငယ်ချင်းအချစ်ကို ထင်ယောင်ထင်မှားဖြစ်သွားခဲ့တာထင်တယ်။အဲ့ဒါကိုသူ့ကိုယ်တိုင်လည်းသိပါလိမ့်မည်။သူ့စိတ်ကိုယ်သူကိုယ်တိုင်လက်ခံမှပဲရမှာ။

ဖြစ်ပြီးသားကိစ္စတွေကထားလိုက်ပါတော့။လက်ရှိဂျီမင်းစိတ်ဝင်စားတာတစ်ခုပဲရှိတယ်။အဲ့ဒါက သည်ခြံထဲက တစ်ယောက်ယောက်ကိုဂျီမင်းရှာတွေ့ချင်နေတာပဲ။Alphaမဟုတ်တဲ့Omegaနဲ့Omegaမဟုတ်တဲ့Alphaက ဘယ်သူများဖြစ်မလဲလို့ သိချင်ပါသည်။

* * * * * * * * * * * * * * *

* ဘယ်သူ့ကိုကြည့်နေတာလဲ။ *

ဂျီမင်းကျောနောက္မှ ခပ်နွေးနွေးလူငွေ့ရလိုက်၍ လှည့်ကြည့်လိုက်လျှင်ထယ်ယောင်း
ဖြစ်နေသည်။ဂျီမင်းပုခုံးပေါ်ကနေကျော်ပြီး
ဂျီမင်းနည်းတူ သူလည်း လိုက်ကြည့်နေပြန်တယ်။ပြောသားပဲ သူ့စိတ်ကိုယ်သူလက်ခံနိုင်ဖို့ပဲလိုတာပါလို့။အခုကြည့် စိတ်ဆိုးပြေပြီသွားပြီပဲမဟုတ်လား။

ဂျီမင်းမြင်နေရသည့် ထယ်ယောင်းပုံစံက အေးအေးဆေးဆေးပဲဖြစ်သည်။ထို့ကြောင့်
ဂျီမင်းလည်းသက်ပြင်းချနိုင်လိုက်ပြီး ထယ်ယောင်းကိုလက်တို့ကာ ခြံထဲကလူတွေကိုမေးငေါ့ပြလျှက်...

Honey(completed)Wo Geschichten leben. Entdecke jetzt