" ခင်ဗျားမှာ ချစ်ရမယ့်သူဘာညာရှိတယ်ဆိုပြီး ငြင်းပေးလို့ရမလား အကိုကြီး...... "
ကော်ဖီဆိုင်ထဲတွင် မျက်နှာချင်းဆိုင်ထိုင်နေကြသော သူနှစ်ဦး
ထယ်ယောင်းပြောလိုက်သော်လည်း အရှေ့တွင် ကော်ဖီထိုင်သောက်နေသော လူက တုပ်တုပ်ပင်မလှုပ်
" ဒီမှာ ကျွန်တော်ပြောနေတယ်လေ အချစ်မပါတဲ့အိမ်ထောင်ရေးကြီးက ဘယ်တော့မှသာယာမှာမဟုတ်ဘူး ခင်ဗျားလည်းသိပါတယ် တာ၀န်၀တ္တရားဆိုတာကြီးက ဒီလိုနေရာမှာ အဆင်မပြေဘူးနော်....... "
ရှည်လျားသော သူ့စကားများက မျက်ဆံညိုတို့ပင့်အကြည့်မှာပင် ဝိုးတဝါးပျောက်ကွယ်လို့သွားကြသည်။
ဘာလဲ ဒီလူက အရေးမစိုက်တာလား ?
" စကားပြောနေတာလေးတော့ အဖတ်လုပ်ပေးပါဦး..... ဂျွန်ဂျောင်ဂု......!!!!! "
နာမည်ရင်းအားခေါ်ကာ ခပ်ပြတ်ပြတ်ထွက်လာသောသူ့အသံက အနည်းငယ်ကျယ်လောင်သွားသည်။
ဆိုင်ထဲရှိလူများသည်လည်း သူတို့ရှိရာဘက်သို့ ကွက်ကြည့်ကွက်ကြည့်လုပ်လာကြ၏။" ကို သိတယ်လေ.... "
" ဗျာ အဲ့တာဆိုပြန်ပြောလေ ခင်ဗျား ဘယ်လိုလုပ်မှာလဲ ကျွန်တော်ကတော့ သဘောမတူနိုင်ဘူး ဒီကိစ္စကို...... "
သူ့စကားအဆုံး မြင့်တက်သွားသော မျက်ခုံးမွှေးများက အလိုမကျဟန်ဆောင်လို့သွားသည်။
" မပြင်ပေးနိုင်ဘူး..... "
ခပ်အေးအေးပင်ဆိုကာ ကော်ဖီကိုပင် မော့သောက်နေသေးတော့
" ဘာလို့လဲ ကျွန်တော်လည်းခင်ဗျားကိုသဘောမကျဘူး ခင်ဗျားလည်းကျွန်တော့်ကို ကြည့်ရတာမဟုတ်ဘူးလေ အဲ့တာကို..... "
ဖျတ်ခနဲရောက်လာသော အကြည့်တို့က ကျောချမ်းဖွယ်ပင်ကောင်းလှ၏။
ကော်ဖီခွက်အားကိုင်ထားသော လက်များသည်လည်း ပို၍ တင်းကြပ်လို့သွားခဲ့သည်။
" မိဘတွေကို စိတ်အဆင်မပြေဖြစ်အောင် အရမ်းလုပ်ချင်တာပဲနော် မင်းက..... "
" ဗျာ........ "
ကိုကပင် လူဆိုးကြီးပြန်ဖြစ်နေရသေးသည်။
" အဲ့လိုဆိုရအောင် ကျွန်တော့်ဘက်ကိုရော ကြည့်ပေးလို့မရဘူးလား ကျွန်တော်လည်း ကိုယ်ချစ်တဲ့သူနဲ့ပဲယူချင်တာလေ ခင်ဗျားကရော မိဘမျက်နှာပဲကြည့်ပြီး ဘ၀ကိုဖြတ်သန်းလာခဲ့တာလားပြော...... "
ရှည်လျားလှသော စကားများအား အရေးမပါသယောင်ပင် လုပ်နေပုံက ထယ်ယောင်းအတွက် တကယ်ကို ရိုင်းလှသည်။
YOU ARE READING
Between Us
FanfictionWe don't have nothing to say about us. Jungkook X Taehyung Start 3.7.2024