27

9 2 0
                                    

မနက်ခင်းစောစောတွင် ကြားလိုက်ရသော စကားသံများကြောင့် သူ့မျက်လုံးများသည် အလိုလိုဖွင့်လျက်သား
ခါတိုင်း တိတ်ဆိတ်နေတတ်သောအိမ်မို့ ဧည့်သည်ရောက်နေတာလားဟူသော အသိဖြင့် သူအောက်ထပ်သို့ ဆင်းလာခဲ့သည်။
စစချင်းမှာပင် ဆိုဖာပေါ်တွင် လှဲနေသော ဟိုဆော့ဟျောင်းအား မြင်လိုက်ရ၏။
" ထယ်ယောင်း နိုးပြီလား.... "
" ဟိုဆော့ဟျောင်း ဘယ်ကဘယ်လို.... "
သူ၏ အံ့ဩဟန်မေးခွန်းများအား ဟိုဆော့ဟျောင်းသည် အပြုံးချိုချိုတို့ဖြင့် တုံ့ပြန်လာသည်။
" မင်းအမေ ငါ့အဒေါ်ကလာချင်တယ်ဆိုလို့ လိုက်ပို့တာ မီးဖိုခန်းထဲမှာ သားအမိနှစ်ယောက်သား ဟင်းချက်နေရဲ့..... "
ဟိုဆော့ စကားအဆုံးမှာပင် မီးဖိုချောင်သို့ သူလှမ်းကြည့်လိုက်သည်။
အမေလုပ်သူနှင့် ရင်းရင်းနှီးနှီးဆိုကာ ရယ်မောနေသူက အပူအပင်ကင်းသည့်နှယ် အေးချမ်းလှ၏။
သားအမိနှစ်ယောက်အား ကြည့်ရင်းမှ သူ့စိတ်ထဲအလိုလို၀မ်းနည်းလာသည်။
မျက်နှာလွှဲလျက် အပေါ်သို့တက်ရန်ခြေလှမ်းပြင်လိုက်၏။
" သားထယ်လေး..... "
အမေက သူ့အားမြင်သွားဟန်ရှိကာ ပြေးထွက်လာ၏။
မရှိမဲ့ရှိမဲ့အပြုံးတို့ဖြင့် အစွမ်းကုန်သူပြုံးပြလိုက်သည်။
" ကျွန်တော်အခုမှ နိုးလို့ မျက်နှာသွားသစ်လိုက်ဦးမယ်နော် အမေ နောက်မှလာကူမယ်နော်..... "
" အင်းပါ အမေလည်းသားတို့ကို သတိရလို့၀င်လာတာ သွားသွား မနက်စာပြင်တော့မှာ..... "
" ဟုတ်ကဲ့ အမေ..... "
ချိုသာစွာပြုံးပြနေသော အမေ့အားခေါင်းငြိမ့်ပြလျက် သူပြေးတတ်ခဲ့သည်။

" စားလေ.... "
မနက်စာထမင်းအား တစ်ယောက်တည်းစားနေကြပေမို့ ထယ်ယောင်းအနေဖြင့် နည်းနည်းအနေခက်လှသည်။
ပုံထည့်ပေးထားသော ကြက်အူချောင်းများသည်လည်း အရာမယွင်း
ပြည့်တက်လာသောရင်နှင့်အတူ စားခြင်းအား သူလက်စသက်လိုက်သည်။
" သဲငယ် တော်ပြီလား..... "
" အင်း..... "
အမေတို့ရှေ့မှာပင် ခေါ်ခံရသည်မို့ နေမထိထိုင်မသာ ဖြစ်ရသည်။
ဟိုဆော့ဟျောင်းနှင့်အမေက ပြုံးစိစိဖြစ်နေကြသော်လည်း ထယ်ယောင်းမှာတော့ မျက်နှာထားစရာပင်မရှိ
သူ့အားလှမ်းကြည့်တော့ မသိဘာသာပင် ပြန်ပြုံးပြနေသေးသည်။
" သားထယ်‌ကို အမေပြောစရာရှိတယ်...... "
ပန်းကန်များဆေးနေစဉ် အနားတွင်လာရပ်သော သူအားကြည့်ရင်း သူဆွံ့အနေမိသည်။
စိတ်ထဲတွင်လည်း တစ်ခုခုအားကြိုသိနေသလိုရှိ၏။
အသာခေါင်းငြိမ့်ပြလျက် ပုံနေသော ပန်းကန်များကို အမြန်လက်စသတ်လိုက်သည်။
" သားထယ်က တကယ်တော့ သန်မာတဲ့ကလေးပါ.... "
အမေ့စကားအား သူနှုတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
ဂျောင်ဂုနှင့် ဟိုဆော့ဟျောင်းသည် တစ်နေရာသို့ ရှောင်ထွက်သွားသည်မှာ ကြာပြီ။
" သားကို ငယ်ငယ်လေးကတည်း အမေသိခဲ့တာ တစ်မိသားစုလုံးရဲ့ အချစ်ခံကလေးလေးလေ သားအမေဆို သားနဲ့ပက်သတ်ပြီး ဘယ်လောက်ဂုဏ်ယူရကြောင်း အမေ့ကိုခဏခဏပြောနေကြ အဲ့လိုပဲ သားရဲ့ဖြစ်တည်မှုကိုသိသွားခဲ့တဲ့နေ့က အမေ့ဆီရောက်လာပြီး ငိုတယ် သားကိုနှမြောတယ်တဲ့ သားရဲ့ဖြစ်တည်မှုကို သဘောမကျတာထက် သားရဲ့ဘ၀ပျက်စီးသွားမှာကိုသာ သူကစိတ်ပူနေခဲ့တာပါ..... "
" ဒါပေမယ့် သူတို့က ကျွန်တော့်ကို တကယ်မလိုချင်ခဲ့တာလေ အဲ့နေ့ကို လုံး၀မမေ့ဘူး ကျွန်တော့်ကို ရွံမုန်းတယ်လို့ပြောခဲ့တဲ့ အဖေ့ကို..... "
တုန်ယင်လာသော အသံနှင့်အတူ မျက်ရည်ပေါက်များသည် သူ့ပါးပြင်ပေါ်မှခုန်ဆင်း၏။
" မိဘတိုင်းအတွက်တော့ အဲ့တာက နာကျင်စရာပါပဲ သားရယ် သားတကယ့်ကိုမျှော်လင့်ထားခဲ့တဲ့အရာက မထင်မှတ်ဘဲ ပျက်စီးသွားခဲ့မယ်ဆိုရင် သားစဉ်းစားကြည့်ပါဦး သားဘယ်လိုခံစားရမလဲဆိုတာ နာကျင်ရမှာပဲလေ အဲ့လိုပဲ သားမိဘတွေအတွက်လည်း အချိန်ယူဖို့လိုခဲ့တယ်.... "
" သူတို့က သားကောင်းဖို့အတွက်ပဲလုပ်ခဲ့ကြတာပါ နောက်ကျတော့ အမေက သားကို ကာကွယ်ပေးချင်ခဲ့တယ် လက်ထပ်ဖို့ကိစ္စတွေကို အမေကပဲ စပြီးကမ်းလှမ်းခဲ့တာပါ အမေ့သားက သားကိုအနွေးထွေးဆုံးထွေးပွေ့ပေးနိုင်မယ်ဆိုတာသိခဲ့လို့..... "
" အမေကတော့ ယွန်းမီလိုမျိုး ရှေးရိုးတွေမစွဲပါဘူး ကိုယ်မွေးမြူထားတဲ့သားသမီးကို အဆုံးထိကာကွယ်ပေးရမယ်လို့ပဲ သတ်မှတ်ထားတယ် စစချင်းတုန်းက အမေလည်းတုန်လှုပ်ခဲ့တာပါပဲ ဂျောင်ဂုတို့အဖေမရှိတော့တဲ့နောက် အမေပဲရုန်းကန်ခဲ့ရတာလေ  သားဂျောင်ဂုက အမေ့အတွက် အားအင်အဖြစ်ရှိနေပေးခဲ့တယ် ဘာမဆိုအမေ့စိတ်သဘောတိုင်းလုပ်စေခဲ့တဲ့သူက အမေစိတ်ဆင်းရဲမှာကို သိပ်ကြောက်တာတဲ့ အဲ့တာနဲ့တင် သူ့ဆန္ဒတွေကို ချိုးနှိမ်ခဲ့တာ သူ့ကျောင်းစာအုပ်မှာရေးထားတဲ့ သားထယ်နာမည်လေးကိုမြင်တော့ အမေ အံ့ဩမိခဲ့တယ် ယွန်းမီလိုမျိုးပဲ နောက်တော့ စဉ်းစားမိတာက လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို မပိတ်ပင်သင့်ဘူးဆိုတာပဲ လူတိုင်းချစ်ခွင့်ရှိတယ် သဘောကျခွင့်ရှိတယ် အဲ့အရာကို တားဆီးပိတ်ပင်ရင် အရမ်းကိုနာကျင်ရတဲ့ စိတ်ဒဏ်ရာတွေပဲ ဖြစ်တည်လာတော့မှာပေါ့..... "
" သူတို့တင်မကဘူး တားဆီးတဲ့အမေတို့တွေပါ အပြစ်ရှိတယ်လို့ တွေးမိတယ် ပြီးတော့ အမေ့ ဦးလေးတစ်ယောက်ရဲ့ အဖြစ်ဆိုးကလည်း သာဓကအနေနဲ့ရှိနေတာကိုး အမေ့ကိုအမြဲစိတ်ချမ်းသာအောင်ထားတဲ့ကလေးကို အမေအပြစ်မတင်ရက်ခဲ့ဘူး သားစိတ်တိုင်းကျဖြစ်လာစေဖို့ အမေကြိုးစားခဲ့တယ် ပြီးတော့ သားထယ်အတွက်ရောပဲ သားထယ်ကို ကာကွယ်ပေးဖို့ အမေ့သားကို သားဆီပို့ပေးခဲ့တာပါ သားမိဘတွေလည်းထိုနည်း၎င်းပါပဲ သားကောင်းဖို့အတွက်ပဲ လုပ်ပေးခဲ့တာမို့လို့ စိတ်မနာစေချင်ဘူး..... "
အမေ့စကားများအား သူပြန်မပြောဘဲ ကြမ်းပြင်ပေါ်ကိုသာ ငေးစိုက်ကြည့်နေခဲ့သည်။
" ခွင့်လွှတ်တာဟာ အနူးညံ့ဆုံးအနိုင်ယူခြင်းပဲဆိုတာ သားသိတယ်မဟုတ်လား လူဆိုတာ အမုန်းထားဖို့သာ လွယ်ကူပေမယ့် ခွင့်လွှတ်ဖို့ခက်ခဲတယ်လေ သားမိဘတွေက သားကိုတအားချစ်လို့ ဒီလိုမျိုးတွေလုပ်ခဲ့မိတာပါ သားဘက်ကကြည့်ရင်တော့ နာစရာတွေပေါ့ သားမိဘတွေဘက်ကကြည့်ရင်းလည်း ကိုယ့်သားသမီးမို့ မပျက်စီးစေချင်ကြတာပဲလေ သူတို့မမှားဘူးလို့ဆိုလိုတာမဟုတ်ဘူးနော် သူတို့လည်းမှားခဲ့တယ် ရှေးရိုးအစွဲတွေကို ရှေ့တန်းတင်ပြီး သားကိုထိန်းချုပ်ခဲ့တာပဲ ခုတော့သူတို့လည်း နားလည်လာပါပြီ...... "
" ကျွန်တော်ကတော့ နာကျင်နေရတုန်းပဲလေ..... "
" အတိတ်တွေကို ပြန်တူးဆွလည်းကောင်းတဲ့အရာဖြစ်လာတာမှ မဟုတ်တာ သားရယ်..... "
" ခွင့်လွှတ်ဖို့ခက်ခဲနေသေးတယ် နွေးထွေးမှုကိုလိုချင်ခဲ့ရုံပါပဲ ကျွန်တော်က ကျွန်တော့်ရဲ့ဖြစ်တည်မှုကို အလေးထားပြီး အချစ်ခံချင်ခဲ့ရုံပါ...... "
ရှိုက်သံတစ်၀က်နှင့်ဆိုလာသော သူသည် တကယ်ကိုမှ နာကျင်ရပါ၏။
" ဒါပေမယ့် အဲ့ကိစ္စတွေဖြစ်ပြီးနောက်ပိုင်း ကျွန်တော်အထီးကျန်နေသလို ခံစားလာရတယ် ကျွန်တော့်ကိုဆို ရှောင်ဖယ်ထားကြတယ် ယုတ်စွအဆုံး ညီမလေးနဲ့‌ဆော့တာကအစ အဖေကိုယ်တိုင်ကိုက ခွဲခြားခဲ့တာ..... "
" အဲ့တာကြောင့် ထွက်ပြေးချင်ခဲ့တယ် သူတို့နဲ့
ဝေးရာကို ခုတော့ ပြီးဆုံးသွားပါပြီ ထပ်ပြီးတော့ သူတို့အကြောင်းကို မပြောပါနဲ့တော့ အမေ...... "
စီးကျနေသော မျက်ရည်များသုတ်လျက် သူထရပ်လိုက်သည်။
သိပါသည် အမေလာဖျောင်းဖြရသည့်အကြောင်းအရင်း
" သားမရှိဘဲ သူတို့ပျော်နေတယ်လို့ထင်နေတာမဟုတ်လား မဟုတ်ဘူး သား သူတို့တွေလည်း သူတို့အမှားအတွက် ယူကျုံးမရဖြစ်နေကြတာပါ သားကိုတောင်းပန်ချင်ပေမယ့် သားဆီကခွင့်လွှတ်မှုကို မယူရက်ဘူးတဲ့ သူတို့လည်း သားနဲ့ထပ်တူ နာကျင်ရတာပါပဲ..... "
အမေ့၏စကားများအား သူပြန်မပြောမိ
လက်သီးအား တင်းတင်းဆုပ်လျက် တောင့်တင်းစွာ ရပ်နေခဲ့သည်။

Between Us ( Completed )Where stories live. Discover now