21

24 2 0
                                    

မျောလွင့်နေသော တိမ်ဆိုင်ငယ်များလို သူတို့ဆက်ဆံရေးသည် တစ်ပိုင်းတစ်စစီ
ဂျောင်ဂုဆီမှ နွေးထွေးမှုများအား ရရှိနေပေမယ့် သူ့ရင်ထဲတွင်တော့ စိုးရိမ်မှုများသာ ကြီးစိုးနေခဲ့သည်။
တွယ်တာသွားမည်ကို သူမလိုလား
ထားခဲ့ခံရမည်ကို သူမလိုလား
ထိုထိုသော အတွေးများဖြင့် သူသည် ကြောက်ရွံစပြုလာခဲ့၏။
" ထယ်ယောင်း မနက်ဖြန်ဆို စာမေးပွဲပြီးပြီမဟုတ်လား အမေတို့ဆီ သွားလည်ကြမယ်လေ...... "
ထမင်းအား တို့ကနန်းဆိတ်ကနန်းစားနေရင်းမှ သူမော့ကြည့်လိုက်သည်။
" သွားလေ..... "
လိုက်လျောဟန်ပြောလိုက်သော်လည်း သူ့အနေနှင့် တက်ကြွခြင်းမရှိ
ဂျောင်ဂု၏အမေက သဘောကောင်းပေမယ့် သမီးမိန်းကလေးတစ်ယောက်လို သွက်သွက်လက်လက်မပြောတတ်သောသူအနေနှင့် အားနာမိသည်။
သူသည် သားမက်ကောင်းမှမဟုတ်ပေပဲ
အမေတို့ဆီရောက်လျှင်လည်း ဖျောင်းဖျသောစကားများကိုသာ ကြားရဦးမည်မို့ သူ့အတွက် မ‌
နေချင်တဲ့ ရပ်၀န်းတစ်ခုအသွင် ဖြစ်နေခဲ့သည်။
" ထယ်ယောင်း...... "
ငေးငေးငိုင်ငိုင်ဖြစ်နေသောသူအား စိုးရိမ်စွာ လှမ်းခေါ်လာ၏။
" မသွားချင်ဘူးလား..... "
သူ့မျက်နှာအားအရိပ်အကဲဖမ်းနေသောသူသည် လျင်မြန်လှသည်။
" မဟုတ်ပါဘူး ဒီတိုင်း..... "
" ထယ်ယောင်း လိမ်နေတာ အမေတို့နဲ့ ဘာပြဿနာဖြစ်ထားလို့လဲ ကိုယ့်ကိုပြောလေ..... ထယ်ယောင်းက မိဘတွေကို စိမ်းကားနေသလိုပဲ..... "
အပြစ်တင်ဟန်ပေါက်လာသော စကားများအား သူ ပြန်မပြောမိ
ဘယ်သိပါ့မလဲ လူတကာအားကျရတဲ့ မိသားစုကြီးမှာ ပြဿနာတွေရှိနေတာကို
ဂေးတစ်ယောက်ဟု သိသွားကြကတည်းက သူ့မှာ အမည်းစက်ကြီးလိုနေခဲ့ရတာ
အဖေ့ဆီကနေ လျစ်လျှူရှုမှုတွေနဲ့ နေထိုင်ခဲ့ရတာ
တင်းကြပ်လာသော ခံစားချက်များအား အသက်ပြင်းပြင်းရှုလျက် မှုတ်ထုတ်လိုက်သည်။
" ခင်ဗျားမသိဘဲ ထင်ရာတွေမပြောပါနဲ့ ဂျောင်ဂုရယ်.... "
" မင်း‌ပြောပြသင့်တယ်လေ ကိုယ်ကမင်းနဲ့သက်ဆိုင်သူပဲဟာ ကိုယ်သိခွင့်ရှိတယ်မဟုတ်ဘူးလား..... "
" ပြောပြီးသားပဲ ကျွန်တော်တို့ဆက်ဆံရေးက တစ်နှစ်လောက်ပဲဆိုတာ..... "
သူ့စကားအဆုံးတွင် ဂျောင်ဂု၏ မျက်၀န်းများသည် တစ်မျိုးပြောင်းသွား၏။
ပုခုံးအား ဆုပ်ကိုင်ထားသော လက်များသည် ပြေလျော့ကာ သူ့အား လွှတ်ပေးလာသည်။
ထရန်ပြင်လိုက်သည်နှင့် လက်တစ်ဖက်အား ဖမ်းဆွဲလာပြန်၏။
" ကိုယ်ကတော့ မလွှတ်ပေးနိုင်ဘူး သဲငယ်..... "
ကိုယ့်အပိုင်လိုမျိုးပြောလာသည်က ရဲရဲဝံ့ဝံ့
မြန်လာသော ရင်ခုန်သံနှင့်အတူ သူထိုနေရာမှ ရုန်း၍ ထွက်ခဲ့သည်။

Between UsWhere stories live. Discover now