Chapter 132

1.4K 148 4
                                    

Unicode

ကုမျန်နှင့်ဓာတ်ပုံထဲအတူရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သောအမျိုးသားက မည်သူနည်းဟု အင်တာနက်သုံးစွဲသူတွေက ထင်ကြေးပေးနေကြသည်ကို လော့ကျစ်ယွီတွေ့လိုက်ရသည်။ သူသည် လော့ချယ်ဆီသို့ ဖုန်းကို အရှိန်ပြင်းစွာဖြင့်ပစ်ပေးလိုက်ပြီး " လော့ချယ် ! မင်းဘာလုပ်ခဲ့လဲဆိုတာ ကြည့်စမ်း!"

လော့ကျစ်ယွီသည် အမှန်တကယ်ကြီးကြီးမားမားမဟုတ်ပါက ဒေါသထွက်ခဲသည်။

လော့ချယ်သည် သူ့ဘေးနားမှဖုန်းကို ကောက်ကိုင်လိုက်ပြီး ဓါတ်ပုံကို ကြည့်လိုက်၏။ ဖတ်ပြီးသည့်နောက် သူ့အမူအရာက အရင်အတိုင်း အေးအေးဆေးဆေးပင်။ "ဘာဖြစ်လို့လဲ"

"မင်း ကုမျန်နဲ့ သွားချိန်းတွေ့တာကို ဘာလို့သတိမထားရတာလဲ တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ထားမိတာလေ! ကံကောင်းလို့ ဒီတစ်ခေါက်မှာ ဓာတ်ပုံက မင်းရဲ့သွင်ပြင်တစ်ဝက်လောက်ပဲ ပေါ်တာ အဲ့လိုမဟုတ်ဘဲ တစ်ယောက်ယောက်ကသာ မင်းကို မှတ်မိသွားရင် ပြီးသွားပြီ"

လော့ချယ်က သူ့မျက်နှာပေါ်ရှိ လျစ်လျူရှူမှုအနည်းငယ်နှင့် အနည်းငယ် ပျင်းရိမှုပင်ပါနေသောအသံဖြင့် ပြောလာသည်။ "ပြီးသွားမှာလား ဘယ်လိုပြီးမှာလဲ"

လော့ကျစ်ယွီ အသက်ပြင်းပြင်းရှူလိုက်သည်။ "ဒီပုံကိုကြည့်လိုက်တာနဲ့ မင်းနဲ့ကုမျန်က တိတ်တဆိတ်အဆက်အသွယ်ရှိနေမှန်း သူတို့သိလိုက်ရတယ် မင်းရဲ့ပရိသတ်တွေက ဘယ်‌လိုတွေးမယ်လို့ မင်းထင်လဲ၊ မင်း ကုမျန်နဲ့ အချစ်ရေးကိစ္စရှိနေတယ်လို့ သူတို့သေချာပေါက်ထင်လိမ့်မယ်!"

လော့ချယ်သည် မှတ်ချက်များကို စကင်န်ဖတ်လိုက်သည်။ သူ့ကို ဘယ်သူကမှ မမှတ်မိကြချေ။ တစ်နည်းဆိုရလျှင် သူဟု ဘယ်သူကမှ မမှန်းဆကြ။

သူသည် အနည်းငယ်စိတ်ပျက်မိသည့်ခံစားချက်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ "တကယ်လား? အဲဒါ အရမ်းကောင်းတယ်၊ ခန့်မှန်းနေကြတဲ့သူတွေကို ဂုဏ်ပြုပါတယ်"

လော့ကျစ်ယွီက ရယ်မောနေကာ လက်ပိုက်ထားပြီး ကုလားထိုင်ပေါ်တွင် ထိုင်နေသောသူ့ကို ကြည့်လိုက်သည်။ "ဘာလို့လဲ ဘယ်သူကမှ မင်းကို မမှတ်မိလို့ ဝမ်းနည်းနေတာလား"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now