Part 16 (Zawgyi)

24 1 0
                                    

Part 16 (Yibo POV)

ရှောင်းကျန့်ကိုယ် အနီးကပ်လေ့လာရသလောက် character ကွဲထွက်တာမျိုးမရှိဘူး။ ဒါပေမဲ့ ရှောင်းကျန့်က သိပ်လည်တယ် ... အရူးတစ်ယောက်လို ဟန်ဆောင်ပြီး လူတွေအမြင်မှာ character ကွဲတွေ ရှိတဲ့ပုံစံမျိုးနေထိုင်တာ .. ရိပေါ်တောင် ထိုလူထောင်ခြောက်ထဲ ၀င်မိတော့မလို့။

ရှောင်းကျန့်က သိပ်အန္တာရယ်များတယ် .. ကြည်လင်နေတဲ့ မျက်ဝန်းညိုလေးတွေက ကြည့်မိတဲ့သူကိုယ် အသုရာချောက်ထဲ ‌ဆွဲခေါ်သွားနိုင်တယ်။

မှဲ့နက်လေးပေါ်အောင် ပြုံးရယ်ပြလိုက်ရင် ထိုလူရှေ့ဒူးထောက်နိုင်စွမ်းရှိအောင်ကိုယ် ဆွဲဆောင်နိုင်လွန်းတယ်။

"ရိပေါ်.. ကောကိုယ် မနက်က ရုပ်ဆိုးဆိုးနာစ့်မက ဆေးတွေအများကြီးတိုက်တယ် .. ကောမသောက်ချင်ပါဘူးပြောတာကိုယ် security ခေါ်ပြီး အတင်းချုပ်တိုက်တယ် "
"ကျွန်တော်လည်း မသိရပါလား ! "

"‌အရင်ဆို ကောအမြဲသောက်နေကျပါ.. ဒီနေ့ ရင်ထဲနေသိပ်မကောင်းလို့ ဟင့် ရိပေါ်လာမှ သောက်မယ်ပြောတာကိုယ် ရုပ်ဆိုးတဲ့နာစ်မက အကျင့်မကောင်းဘူးး ဟီးးးးးး  မရုန်းတဲ့လူကိုယ် အတင်းချုပ်ပြီး တိုက်တာ အကျင့်မကောင်းဘူး .. လက်တွေ အခုထိနာနေတုန်း ဟင့် "

အခုဏထိပြုံးနေတဲ့မျက်ဝန်းညိုလေးတွေကအခုတော့ ငွေ့ရည်တွေဖွဲ့လို့နေတယ်။ ရိုက်သံလေးတွေပါထွက်တဲ့အထိ  .. တုန်ရည်နေတဲ့ ခန္ဓာကိုယ်လေးကြောင့် အကြောင်းပြချက်မရှိရိပေါ် ရင်ထဲတင်းကျပ်သွားရတယ်။

"မငိုနဲ့တော့နော်.. နောက်ရက်ကစပြီး ကျန့်ကောနဲ့ပတ်သက်တဲ့ ကစ္စအားလုံးကျွန်တော်ဘဲတာဝန်ယူမယ်နော် "

ချော့ကာမှ ပိုငိုလာတဲ့ သူကြောင့် တုန်ရည်နေတဲ့ ခန္ဓာကိုယ်လေးကိုယ် ရိပေါ် ရင်ခွင်ထဲပွေ့ထားမိတယ်။

ရှောင်းကျန့်လက်သွယ်သွယ်လေးတွေက ရိပေါ်ခါးပေါ် တင်းကျပ်စွာဖက်တွယ်လာတာကြောင့် ကိုယ့်ကိုကိုယ်တောင်မသိလိုက်ခင် ရှောင်းကျန့်ရဲ့ လည်ပင်းသားဖွေးဖွေးကြား ရိပေါ်မျက်နှာအပ်ကာ ရှောင်းကျန့်ခန္ဓာကိုယ်တစ်ခုလုံးကိုယ် ထွေးပွေ့ကာ နှာဖူးပြင်ကိုယ်အနမ်းဖွဖွပေးမိတယ်။

Psychopath (Complete)Where stories live. Discover now