Part 19
"၀မ်နင်း ရှာနေတယ်ဆို .."
"ရိပေါ် .. ဆေးရုံအုပ်ဖုန်းဆက်တယ် မင်းလူနာတစ်ယောက်ကိုယ် ၂ပတ်ကျော်လောက် ကြည့်ပေးရမယ်တဲ့ "
"ငါကို ကုသမူဘဲအာရုံစိုက်ခိုင်းထားပြီး ဘယ်လူနာမှလက်မခံနဲ့ဆို "
"အဲ့တော့ ဆေးရုံအုပ်ကို မေးကြည့်လေ .. မင်းရှိလွှဲတယ်ဆိုတည်းက အရေးကြီးပုံရတယ် ""ကျစ် .. ငါတာဝန်မယူနိုင်ဘူး ပြောလိုက် .. "
"ဟာ .. ဆေးရုံးအုပ်က ငါအဖိုးမဟုတ်ဘူး မင်းဘာသာပြော ဆေးရုံအုပ်ကမင်းအကြောင်းသိလို့ တစ်ခါထဲပြောလိုက်တယ် လူနာနဲ့ တွေ့ပြီးမှ cause ယူမယူ အကြောင်းပြန်ပါတဲ့ "
"အာရုံကွာ လူနာက ဘယ်မှာလည်း "
"182 "အခန်း ၁၈၂ ရှိလာတဲ့ တစ်လျှောက်လုံးရိပေါ်စိတ်က အခြေနေမကောင်းဘူး။ ကုသမူရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အတိတ်တွေကိုယ် ခဏခဏပြန်သတိရတက်သလို သူ့ရဲ့ character ကွဲကအရင်ထက် ထိန်းချုပ်ရခက်လာတယ်။ ရှောင်းကျန့်ကလွဲရင် တစ်ခြားသူနဲ့ မထိတွေ့ချင်တော့တဲ့ စိတ်ကြောင့် ရိပေါ် လူနာတွေနဲ့ မတွေ့ဖြစ်တာကြာပြီး။ ဒီတစ်ယောက်ကိုယ်လည်း အခြေနေကြည့်ပြီး ငြင်းလိုက်ရင်ရတယ် ။
အခန်းတံခါးကိုယ် ဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ ကုတင်ပေါ်က ကျောပြင်လေးကြောင့် ရိပေါ်ရင်တစ်စုံက တင်းကြပ်လာတယ်။ ရိပေါ် မှားစရာမလိုအောင် လိပ်ပြာတောင်ပံကြောရိုးနဲ့ သေးသွယ်လွန်းတဲ့ ရိပေါ်လက်တစ်ပွေ့စာ ခါးသွယ်သွယ်လေးကိုယ်မြင်ရုံနဲ့ ရိပေါ်မှတ်မိပါတယ် ။
တံခါးဖွင့်သံကြောင့် လှည့်ကြည့်လာတဲ့ မျက်ဝန်းညိုလေးတွေက ရိပေါ် ချစ်ရသူဆိုတာ သက်သေပြနေတယ်။သူမရှိတဲ့ အချိန်ခဏလေးအတွင်း ပိန်ကျသွားတဲ့ ခန္ဓာကိုယ်လေးကြောင့် ရိပေါ် ဖက်ထားချင်စိတ်ကိုယ် မနည်းထိန်းချုပ်ရတယ်။ မျက်ဝန်းညိုလေးက အရင်လိုတောက်တောက်ပပရှိမနေဘဲ မြှေးမှိန်လို့နေတယ်။
"ရောက်လာပြီးလား ဒေါက်တာ "
စိမ်းကားလွန်းတဲ့အကြည့် စိမ်းကားလွန်းတဲ့ အသုံးနူန်းတွေကြောင့် နာကျင်ရပင်မဲ့ ဒီလမ်းကိုယ် ရိပေါ်ကိုယ်တိုင် ရွေးချယ်ခဲ့တာမလား။"ရှောင်းကျန့် .. ဒီကိုယ် ဘယ်လိုဖြစ်ပြီး .. "
"ဆေးရုံအုပ်ကိုယ် တောင်းဆိုလိုက်တာ .. ငါဒီကထွက်သွားမဲ့အချိန်ကျရင် ငါနာကျဉ်းတဲ့သူကိုယ် နောက်ဆုံးအနေနဲ့ ကြည့်သွားချင်လို့လေ "
"အာ .. ကျွန်တော် .. ကျွန်တော် .. တောင်းပန်ပါတယ် "
"ဘာအတွက်လည်း ဒေါက်တာ "
"..."