intro

400 58 24
                                    

Song recommend - မြေပြန့်သူလေး သို့
နှောင်ဗိန်နောင်

.................။

“မြေပြန့်သူလေး ဒို့ရဲ့အရပ်မှာပျော်ပါစေ။
ကြည်နူးနေတဲ့ မင်းရဲ့မျက်နှာလေးကို....
တစ်သက်လုံးပဲ ကြည့်ကာနေချင်မိတယ်”

နားထဲ ၀င်ရောက်လာတဲ့ ငြိမ့်ညောင်းလှတဲ့
သီချင်းတစ်ပုဒ်။ စာသားတွေဟာ နားလည်
သလိုလိုရှိပေမယ့် တစ်ချို့နေရာလေးတွေ
တော့ ဘာသာမပြန်တတ်ပါ။ ကားပေါ်မှမြင်
နေရသည့် မြင်ကွင်းများကိုသာ ကြည့်ရင်း
ဆော့ဂျင် လိုက်ပါလာခဲ့သည်။

“ကိုရီးယားလူမျိုးတစ်ယောက် အနေနဲ့
ဒီကိုလာရတာ....ပထမဆုံး အနေနဲ့
ဘယ်လိုခံစားရလဲ ဆော့ဂျင်”

ဆော့ဂျင် ပြုံးလိုက်မိသည်။ ဆော့ဂျင်ဟာ
ကိုရီးယား-မြန်မာ သွေးနှောတစ်ယောက်ဖြစ်
ပေမယ့် ကိုရီးယားမှာပဲအနေများခဲ့သည်။
ဆော့ဂျင်ဖေဖေဟာ ကိုရီးယားလူမျိုးတစ်
ယောက်၊ မေမေကတော့ ယခုရောက်ရှိနေတဲ့
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရဲ့
တောင်ကြီးသူတစ်ယောက်။ မွေးထဲက
မေမေသင်ပေးတဲ့ မြန်မာစကားအနည်းငယ်
လောက်ကလွဲပြီး ကျန်တာတွေ သိပ်ပြီးမထိ
တွေ့ရပါ။

“တစ်ခါမှမရောက်ဖူးတဲ့ မေမေ့ဇာတိကို
ရောက်တဲ့ခံစားချက်က.....သစ်လွင်နေတယ်
ဖေဖေ ”

“ဖေဖေ့တုန်းကလည်း အဲ့လိုပဲလေ
ဒီကို စရောက်တဲ့နေ့မှာပဲ ခံစားချက်တွေက
သစ်လွင်နေခဲ့တာ...ရှမ်းမလေးတစ်ယောက်ကိုမြင်တော့ ပိုပြီးအမောပြေခဲ့ရတာပေါ့”

ဒီလိုဆိုမှ ဖေဖေနဲ့မေမေ ဆုံခဲ့ပုံကလည်း
သိပ်ပြီးဆန်းကြယ်သလားလို့နော်။
ကိုရီးယားကို ကျောင်းတက်ဖို့ပြင်နေတဲ့
မေမေ့ဆီကို ဖေဖေက ခရီးသွားဧည့်သည်
တစ်ယောက်အနေနဲ့ ရောက်လာခဲ့တာလေ။
မြင်မြင်ချင်းသဘောကျမိသွားတဲ့ ဖေဖေ့
အနေနဲ့ မေမေ့ကို ရည်းစားစကားပြောပြီး
သိပ်မကြာဘူး ကိုရီးယားကိုပြောင်းဖြစ်ခဲ့ကြ
ဝာာပဲ။

“သားက လက်ဖက်ကိုသိမှာမဟုတ်သေးဘူး
မေမေတို့ဆီမှာ လက်ဖက်ယာခင်းတွေ
စတော်ဘယ်ရီစိုက်ခင်းတွေရှိတယ်
မေမေ့ကလေးလေးကြိုက်တဲ့ ထင်းရှူးပင်တွေလည်းရှိသေးတယ် ”

ချစ်သော ရှမ်းပဲပုတ်Where stories live. Discover now