“ဘာကော်ဖီ သောက်မလဲ ”
“ Cappuccino...”
" ညီမလေး Cappuccino တစ်ခွက်နဲ့
latte တစ်ခွက်ပေးပါ ”မှာစရာရှိတာ မှာပြီးသည့်နောက် သူ့အရှေ့က
အရုပ်လေးကို မကြည့်ဖြစ်အောင် အကြည့်
လွှဲထားရသည်။ ဘယ်လိုပြောပြရမလဲ။
တစ်သက်လုံး ဆိုင်ကယ်ကို မြေလျှိုးမိုးပြန်
စီးလာတဲ့ကောင်က ရုတ်တရက် လူတစ်
ယောက်ကိုတင်လိုက်ရတော့ သွေးကြောတွေ
မဟန်တော့ဘူး။ နှလုံးခုန်နူန်းတွေက
ဆိုင်ကယ် အနောက်ဘက်ကို ယိမ်းယိမ်းသွား
တယ်။ရောက်နေကျ ဆိုင်ဖြစ်ပေမယ့်လည်း သူစိမ်း
တစ်ယောက် ပါလာသည့်အခါ ဆိုင်ပတ်ပတ်
လည်က Viewတွေလည်း မျက်လုံးထဲ
အမောမပြေတော့ဘူး။ ဒီ့ထက်များ ပိုဆိုးလာ
ရင်တော့ အသက်ရှူတွေကြပ်တော့မလားပဲ။“ဒီနေ့ဘယ်တွေပို့ပေးမှာလဲဟင်”
ပီပီသသ ထွက်လာသည့်မြန်မာစကားကို
ကြားတော့ အန်တီနန်းလေးကို ကျေးဇူးတင်
လိုက်တာ။ မဟုတ်ရင် သူတကယ်ဘာသာ
ပြန်နေရတာနဲ့တင် ဒုက္ခများတော့မှာ။“ဘုရားသွားချင်လား ....”
“ဘုရား....ဘုရားလား”
“အင်း ဘုရား....ဗုဒ္ဓဘာသာ မဟုတ်ဘူးလား”
ခေါင်းကိုဖွဖွလေး ခါပြသည့် နိုင်ငံခြားသား
လေး။ ဖြူဥနေတဲ့ မျက်နှာနုနုလေးက သူ့လို
ရော အလုပ်တွေလုပ်နေရရဲ့လား။ နိုင်ငံရပ်
ခြားတွေက ဘယ်အလုပ်မဆို ပင်ပန်းတယ်
လို့ကြားဖူးတယ်။ ဒါပေမယ့် ဒီနိုင်ငံခြားသား
လေးကတော့ ဘယ်အလုပ်ပဲဖြစ်ဖြစ် သက်
တောင့်သက်သာ လုပ်ရပါစေလို့ ဘုရားမှာ
ဆုတောင်းပေးရမယ်။“ကိုယ်က ဗုဒ္ဓဘာသာလို့ ထင်ထားတာ
အန်တီနန်းလေးက ဓမ္မာစကြာအဖွဲ့ထဲတောင်
ပါသေးသလားလို့ ငယ်ငယ်က”“မေမေကတော့ ဗုဒ္ဓဘာသာ....ဖေဖေက
ခရစ်ယာန်”“ကိုယ် သဘောပေါက်ပြီ ”
ထိုစဉ် ကော်ဖီ နှစ်ခွက်လာချသည်။ ကိုယ်စီ
ခွက်ယူပြီးတဲ့နောက် ဆိုင်အပြင်ဘက်ကရှု့
ခင်းကို ပြိုင်တူကြည့်မိသွားသည်။