160 30 6
                                    

နောက်တစ်နေ့ မနက်ရောက်တော့ မေမေတို့က အစောကြီးနိုးနေကြသည်။ဆော့ဂျင်က
တော့ ဆိုးလ်မှာအလုပ်ပိတ်တုန်းကလိုမနက်
၉နာရီအထိ အိပ်လို့ကောင်းတုန်း။ ရာသီဥတု
ဟာ အရမ်းလည်းမအေး၊ အရမ်းလည်းမပူဘဲ သက်တောင့်သက်သာနဲ့ အိပ်ယာထချင်
စရာမကောင်းပါ။

“ဘယ်လိုတာဇံက လာပြီး ငါ့ကို
Followထားတာလဲ!”

မနက်အိပ်ယာနိုးရင် ဖုန်းဖွင့်ပြီး Instagram
ထဲ၀င်တတ်တဲ့အကျင့်။ ဖွင့်ကြည့်တိုင်းလည်း
သူ့ကို ချောချောလှလှ Username လှလှတွေ
အမြဲလာပြီး follow ထားတာတွေချည်းပဲ။
သို့ပေမယ့် ဒီမနက်ကျမှ ဘယ်လိုတာဇံ....။

“စောစောစီးစီး ဘာကို‌ a b c d လဲကွာ”

Follow back မလုပ်ဘဲ အဲ့အတိုင်းပဲထား
ကာ ဖုန်းအားသွင်းလိုက်သည်။ ရေချိုးပြင်
ဆင်ပြီးတဲ့နောက်‌‌ အောက်ထပ်ကိုမနက်စာ
စားဖို့ဆင်းလာခဲ့သည်။

“ဒီအိမ်မှာ အကြိုက်ဆုံးတစ်ခုက ဘာလဲ
မေးရင် ဒီကျွန်းလှေကားတွေပဲ
ငါငယ်ငယ်ကသာ ရောက်ခဲ့ရင် လှေကား
လက်ကိုင်ကနေ လျှောပြီးဆင်းလိုက်မှာ”

ကိုယ့်အပြောနဲ့ကိုယ် သဘောကျရင်းပဲ
အောက်ထပ်ကိုရောက်လာခဲ့သည်။
အောက်ထပ်ကိုရောက်တော့ မေမေတို့က
မရှိနေ။ ခြံထဲမှ ရယ်သံများကြားရသည်။
ကြည့်ရတာ မေမေတို့ခြံထဲမှာ စကားကောင်း
နေသည်ထင်ပါ၏။

“ဟော...ကလေးလေး နိုးလာပြီ”

အိမ်ထဲကို၀င်လာပုံရတဲ့ မေမေက ဆော့ဂျင်
ကိုမြင်သွားကာ ပါးတစ်ဖက်ကို မချင့်မရဲ
လေးဆွဲလာသည်။ မေမေဟာ အဲ့သည်လို။
နှစ်တွေဘယ်လောက်ပဲပြောင်းပြောင်း
မေမေ့မျက်လုံးထဲမှာ သူ့ကို ဖိနပ်မပါဘဲ
လျှောက်သွားနေတဲ့ ၃နှစ်သားလေးလို့ထင်
နေပုံရသည်။ သိတတ်စအရွယ်ထဲကနေ
အခုထိ အသက်၂၅နှစ်ရောက်သည်အထိ
မေမေ သူ့ပါးကို အမြဲဆွဲညှစ်နေတုန်းပဲ။

“အိပ်ရေးရော ၀ရဲ့လား ”

“၀ပါတယ် ”

‌မနက်စာကို မေမေက သူတို့ရိုးရာအစားအစာ
ဖြစ်တဲ့ ရှမ်းခေါက်ဆွဲနဲ့ တို့ဟူးနွေးလေးလုပ်
ကျွေးသည်။ ဆိုးလ်မှာနေတုန်းက မေမေ
တစ်ခါတစ်လေ လုပ်ကျွေးတတ်ပါသည်။
ကြိုက်သလားမေးရင်တော့ တို့ဟူးနွေးထက်
ရှမ်းခေါက်ဆွဲကို ပိုကြိုက်ပါသည်။

ချစ်သော ရှမ်းပဲပုတ်Where stories live. Discover now