မင်္ဂလာပါ ယောရောဘွန်းတို့🤍
လပိုင်းလောက် update တွေကျဲသွားလို့
Yoneကို မေ့ကုန်ကြပြီလားလို့လည်း
ထင်မိပါတယ်။တကယ်လည်း အားနာပါတယ်။ personal case တွေ အလုပ်တွေနဲ့
ရှုပ်ယှက်ခက်နေရင်း ယောရောဘွန်းတို့ကို
ပစ်ထားမိသလိုဖြစ်သွားခဲ့လို့ တကယ်
စိတ်ရင်းနဲ့ အားနာမိပါတယ်။Updateတွေက မလာတော့ စာတွေကတစ်နှစ်ပြီးတစ်နှစ်ကုန်သွားလည်း မပြီးနိုင်ခဲ့ဘူး။
အခုလည်း မပြီးတဲ့အပြင် နောက်ထပ်အသစ်
တွေလည်းရေးနေပြန်တော့ ရူးနေပြီလို့လည်း
မထင်ကြပါနဲ့အုံးနော် ဟီးအခုရေးမယ့် ပုံပြင်အသစ်နဲ့ပတ်သက်ပြီး
နည်းနည်းလောက် ပြောပြပါမယ်ယောရောဘွန်း။ ဒီစာက သေချာပေါက် ကိုရီးယားနဲ့
ရှမ်းလူမျိုးအကြောင်းက ကြားကို စိတ်ကူး
အတိုင်းရေးချထားတာပါ။ လက်တွေ့လောကက ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့
စိတ်မရှိတဲ့အပြင် ဘယ်အရပ်ဒေသကိုမှလည်း ထိပါးချင်တဲ့စိတ်မရှိပါဘူး။စာရေးသူရဲ့ စိတ်ကူးယဉ်လောကထဲမှာ
ဒီအတိုင်းပဲ စိတ်ကူးတွေယဉ်ပြီး
စာတွေပဲရှိပါတယ်။ ဘယ်သူ့ကိုမှလည်း
ထိခိုက်စေလိုတဲ့ စိတ်မရှိတဲ့အတွက်
ဒီရှမ်းပဲပုတ်လေးကို ချစ်ပေးကြရင်
သိပ်ကောင်းမှာပါ။ဒီအတိုင်း ဖြည်းဖြည်းချင်းပဲ သွားပါမယ်
စိတ်ထဲ မလုံခြုံတဲ့အခါ စိတ်အဆင်မပြေလာတဲ့အခါကျရင်တော့ ပြန်ပြီးသိမ်းထားပါမယ်အားလုံးကိုချစ်ပါတယ် 🍀
