part5

215 13 0
                                    

ချစ်ကြမ္မာ

အပိုင်း၅

"ဦး.."
ဦးတေဇထွဋ်ခေါင်မြက်ခင်းစိမ်းပေါ်ရှိဒန်းစင်တွင်ထိုင်ကာကော်ဖီသောက်နေ၏။

သူ့ဆီတန်းတန်းမတ်မတ်ပြေးလာသောကလေးမ။
ပျော့ပြောင်းနေသောပိတုန်းရောင်ဆံပင်ရှည်တွေကလေမှာလွင့်စဥ်နေပြီးမျက်နှာမှာတော့အပြုံးတွေဝေဆာလို့ပေါ့။

"ဦး.."
အနားရောက်လာသည်နှင့်သူမ၏ကိုယ်ကိုတစ်ပတ်လှည့်ပြပြီး
"ယွန်းဝတ်ထားတာလှလား.."
"အင်း.."
"ဦးကလည်း..မဖြေချင်ပဲအောင့်အီးဖြေလိုက်ရသလိုပဲ..ပြန်ပြောပေး..ယွန်းလှတယ်မလား.."
ဦးတေဇထွဋ်ခေါင်သူ့လည်ကုတ်ကိုတစ်ချက်ပွတ်လိုက်ရင်း
"အင်း..လှတယ်.."
"ဒါမှပေါ့..ချစ်ဖို့ကောင်းတယ်"

ချစ်ဖို့ကောင်းတယ်...ချစ်ဖို့ကောင်းတယ်..ချစ်ဖို့ကောင်းတယ်..
ယွန်းလေး၏ချစ်ဖို့ကောင်းတယ်ပြောသောစကားသည့် ဦးနားထဲတွင်ပဲ့တင်ထပ်နေသည်။
သူကငါ့ကိုချစ်ဖို့ကောင်းတယ်လို့ပြောလိုက်တာလား

"ဦး.."
ယွန်းပိုးထက်သူ့နားဘေးနားဝင်ထိုင်လိုက်ရင်း
"ယွန်းကျောင်းကိုစုံစမ်းပြီးပြီလား.."
"စုံစမ်းနေတုန်းပဲ..ကလေးမကဘယ်ကျောင်းတက်ချင်တာတုန်း.."
"ဟွန်း..ကလေးမတဲ့..သူစိမ်းဆန်လိုက်တဲ့လေသံကြီး

ဟုတ်လား..ကိုယ့်စိတ်ထဲတော့အမြဲကလေးမလို့ခေါ်နေမိခဲ့တာ။
"ဒါဆိုဘယ်လိုခေါ်ရမှာလဲ.."
"ယွန်းလေးလို့ခေါ်..ယွန်းကလည်းဦးကိုဦးလို့ခေါ်တာပဲလေ..ယွန်းကိုလည်းအဲ့အတိုင်းခေါ်.."
"အာ..ဟုတ်ပါပြီ.."
"ခေါ်ကြည့်.."

ဆရာမကြီးလေသံနှင့်ကလေးမကြောင့်တေဇထွဋ်ခေါင်ပြုံးလိုက်မိ၏။
အခု့မှစခေါ်ရတော့နည်းနည်းရှက်သကိုးဗျ့။
"ခေါ်လေ..ဦး.."
"အင်း..ယွန်းလေး..ဟုတ်ပြီလား..ယွန်းလေး."
"ရှင့်.."

ယွန်းသူ့ကိုကျေနပ်သွားဖွယ်ဟန်ဖြင့်ပြုံးလိုက်သည်။
ထင်ထားသလောက်ဦးတေဇထွဋ်ခေါင်ကခေါင်းမမာဘူးပဲ။
သူ့မိန်းမပြောရင်အားလုံးနာခံမယ့်ပုံ။

ဇာမဏီထိုအခွင့်အရေးကိုကောင်းကောင်းအသုံးချရမည်။
အိမ်ကနေထွက်လို့ရပြီဆိုတာနဲ့ယွန်းပိုးထက်အစစ်ကိုလိုက်ရှာရမည်။အခု့လောက်ဆိုအဲ့ကလေးမလေးဘယ်လိုနေမလဲမသိဘူး။ဇာမဏီကသာအစားအစာအနေအထိုင်မပူမပင်ပဲနေနေရပေမယ့်ဇာမဏီခန္တာကိုယ်ထဲရောက်နေသောယွန်းကကောအဆင်ပြေပါ့မလား။

ချစ်ကြမ္မာWhere stories live. Discover now