Part3

225 12 0
                                    

ချစ်ကြမ္မာ

အပိုင်း၃

ဇာမဏီတစ်ယောက်မိချိုနဲ့ဒေါ်လေးအေးအလစ်ကိုစောင့်ပြီးအိမ်အပြင်ကိုထွက်လာခဲ့သည်။
ဒီအိမ်ကကျယ်ဝန်းပြီးအခန်းတွေကလည်းများ၏။
ဇယမဏီအိမ်တံခါးပေါက်ရောက်ဖို့အတွက်အခန်းပေါင်းများစွာကိုကျော်ဖြတ်လာခဲ့ရသည်။

ဆယ်ပေလောက်မြင့်သည့်သံတံခါးကြီးကိုအသံမကြားအောင်အသာလေးတိုးဖွင့်ရတာတော်တေယ်လေးခက်ခဲသည့်အလုပ်ပဲ။
ဇာမဏီယွန်းခန္တာကိုယ်ထဲပြောင်းလာပြီးနောက်ဇာမဏီခန္တာကိုယ်ကဘာတွေဖြစ်နေပြီလဲမသိရပါ။

ယွန်းပိုးထက်အခု့ဆိုသူမခန္တာကိုယ်မှာနေနေလောက်မလား။
ဇာမဏီအရမ်းသိချင်တယ်။ဇာမဏီတကယ့်ဘဝ့ကကြမ်းတမ်းသည်။
မိဘမဲ့ဂေဟာမှာကြီးပြင်းလာပြီးပြင်းပြလွန်းသည့်ဆန္ဒတွေကြောင့်သတင်းထောက်ဖြစ်အောင်ကြိုးစားနေရသူ။
ေဆွမရှိမျိုးမရှိတစ်ကောင်ကြွက်ဘဝနှင့်သာဘဝ့ကိုဖြတ်သန်းလာခဲ့ရပြီးပျော်ပျော်နေတတ်သူပီပီရှာကြံပြီးရထားသည့်အခန်းသေးသေးလေးတစ်ခန်းတွင်ဘဝ့ကိုထူထောင်နေသည်။

ယွန်းပိုးထက်တကယ်သာဇာမဏီကိုယ်ထဲရောက်နေရင်သူမအဲ့လိုဘဝမှာနေနိုင်ပါ့မလား။

ဇာမဏီသံတံခါးအပြင်ကိုရောက်ချိန်အာမေဋိတ်အသံတောင်မထွက်နိုင်တော့။
အိမ်ကတောင်၏ထိပ်မှာရှိနေပြီးတောင်ပေါ်တွင်ဒီအိမ်တစ်အိမ်သာရှိနေသည်။

ဇာမဏီသစ်ပင်ပတ်လည်ဝိုင်းနေသောအိမ်ကိုပြန်ကြည့်လိုက်မိသည်။
တောင်အောက်ကိုဆင်းဖို့အချိန်ဘယ်လောက်ကြာမှာလဲ။
တောင်ပေါ်မှာဒီအိမ်ပဲရှိတော့တက္ကစီလည်းလာမှာမဟုတ်။

ဇာမဏီမစဥ်းစားနိုင်တော့ဘူး။ဦးတေဇထွဋ်ခေါင်ဘယ်လိုအတွေးနဲ့များဒီလိုနေရာမှာလာပြီးအိမ်ဆောက်ထားလဲမသိဘူး။

တောင်တက်လမ်းကောအဆင်းလမ်းကောတစ်လမ်းတည်းရှိနေတာဒီလမ်းကဆင်းသွားရင်တော့တောင်အောက်ရောက်မှာပဲဆိုသောအတွေးနှင့်လမ်းတည့်တည့်လျှောက်လာခဲ့သည်။

ကိုယ်တိုင်ကြုံမှပဲယွန်းပိုးထက်ဒီမှာမနေချင်ရသည့်အကြောင်းတစ်ချက်ကိုစဥ်းစားမိတော့သည်။
ဒီလိုတောကြီးတောင်ကြီးထဲမှာဘယ်သူကလူမရှိသူမရှိနဲ့နေချင်မှာလဲ။

ချစ်ကြမ္မာWhere stories live. Discover now