part11

186 11 1
                                    

ချစ်ကြမ္မာ

အပိုင်း၁၁

ဇာမဏီသူမနေထိုင်ခဲ့ရသည့်နှစ်ထပ်တိုက်ပု့လေး
ကိုလာခဲ့၏။
တိုက်ဖြစ်ပေမယ့်ရှေးဟောင်းအိမ်အလားမှတ်ရလောက်အောင်ဟိုဟောင်းနေပြီ။အခကြေးငွေနည်းပါးပြီးသဘောကောင်းသည့်အိမ်ရှင်ကြောင့်ဒီနေရာလေးကဇာမဏီအတွက်နားခိုရာလေးတစ်ခု့ဖြစ်လို့နေသည်။

မရောက်တာနှစ်လကျော်လောက်ဖြစ်ပြီးသည့်တိုက်ပု့လေးထဲဝင်ဝင်ချင်းတွင်ရင်းနှီးနေသည့်စံပယ်အမွှေးနံလေးရ၏။အိမ်ရှင်အန်တီကြီးကဘုရားတရားလိုက်စားသူဖြစ်ကာအိမ်တွင်မဆီးမီးအမွှေးတိုင်တို့ကအမြဲတစေထွန်းညှိထားတတ်သူ။

ဇာမဏီဝင်လိုက်သည့်နှင့်တံခါးပေါက်တွင်ချိတ်ထားသောခေါင်းလောင်းလေးသည်ခေါင်းနှင့်တိုက်မိပြီးချွင်ခနဲ့မြည်တမ်းသွားသည်။
"ကြွပါ.."
အသက်ကြီးကြီးအရပ်ပု့ပု့အသားညိုညိုနဲ့အန်တီကြီးတစ်ယောက်ထွက်လာလေသည်။
ထိုအန်တီကြီးဇာမဏီ၏အိမ်ပိုင်ရှင်ကြီးဖြစ်ကာသူမ့ကိုဇာမဏီမှတ်မိတာပေါ့။

"ကလေးမ..အခန်းငှားမလို့လား.."
"မဟုတ်ဘူး..အန်တီ..သမီးလူတစ်ယောက်လာရှာတာ..အပေါ်ထပ်ကအခန်းနံပါတ်လေးမှာနေတဲ့ဇာမဏီနဲ့တွေ့ချင်လို့ပါ.."
"ဇာမဏီ..ဟုတ်လား..သူဒီကိုမလာတာနှစ်လလောက်ရှိပြီ.."
"ရှင်.."
"ဒါနဲ့သမီးကသူနဲ့ဘာတော်တာလဲ.."
"အော်..သမီးကသူ့သူငယ်ချင်းပါ..ဇာမဏီနဲ့မတွေ့တာကြာပြီမို့လာခဲ့လိုက်တာ.."

"ဟုတ်လားကွဲ့..ညည်းသူငယ်ချင်းမကပြန်မလာတာအတော်လေးကြာပြီ.. အဆောင်ပြောင်းသွားတယ်ဆိုလည်းပစ္စည်းတွေလဲလာမသယ်ဘူး..ဒီအတိုင်းကြီးပျောက်သွားတယ်.."
"အန်တီရဲအကြောင်းမကြားဘူးလား.."
"ကြားတာပေါ့..ဒါပေမယ့်အခု့ချိန်ထိအဆက်အသွယ်မရခဲ့ဘူး.."

ဇာမဏီသူ့ထံမှဘာအချက်အလက်မှမရခဲ့ပါ။
ယွန်းပိုးထက်တစ်ယောက်ဒီအိမ်ကိုမသိလို့များပတ်သွားနေမှန်းမသိ။
ဒေါ်မိမိစီသွားရအောင်လည်းအဲ့မိန်းမထံမှာရောက်နေကြောင်းလဲသတင်းမကြားရပါဘူး။

ဇာမဏီစဥ်းစားမရသည့်အဆုံးနိုနိုဆီသာခြေဦးတည့်ခဲ့တော့သည်။
ဗျူးတီးဘာလာတစ်ခု့တွင်အလုပ်ဝင်လုပ်နေသည့်နိုနို
သူဝါသနာပါရာကိုတက်တက်ကြွကြွနဲ့လုပ်တတ်၏။

ချစ်ကြမ္မာWhere stories live. Discover now