Unicode
အင်တာနက်သုံးစွဲသူ 90% နီးပါးသည် ကုမျန်နှင့်ချန်းကျစ်တို့က အတွဲဟု ထင်နေကြပြီဖြစ်သည်။
[တစ်ယောက်က ကုမိသားစုက သခင်မလေးကုဖြစ်ပြီး ကျန်တဲ့တစ်ယောက်က ချန်းမိသားစုရဲ့ စတုတ္ထသခင်လေးဆိုတော့ ဒီအတွဲက အရမ်းကောင်းနေတာမဟုတ်ဘူးလား]
[တကယ်တော့ ငါ့မှာ ဘာမနာလိုတဲ့အတွေးမှ မရှိဘူး ငါ သူတို့ကို ကောင်းချီးပဲပေးချင်တာ ဟားဟားဟားဟား ]
[ဒါက သက်သေအစစ်လား သူတို့ ဘယ်တော့ ကြေညာကြမှာလဲ ]
လော့ကျစ်ယွီသည် ချိုမြိန်သည်ဆိုသောစကားလုံးကို မြင်သည့်အခါ သက်ပြင်းချလိုက်သည်။
လော့'မန်စောင်သခင်လေး'ချယ်သည် ဒေါသပေါက်ကွဲတော့မည်ဖြစ်သည်။
လော့ကျစ်ယွီက သူ့ဝမ်းကွဲကို ကောင်းကောင်းသိသည်။----
ကုမျန် လော့ချယ်၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည့်အချိန်တွင် သူမသည် ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး ရုပ်ရှင်ကြည့်ရင်းဖြင့် သရုပ်ဆောင်ပညာကို လေ့လာနေခဲ့တာပင်။
သူမသည် နယ်ပယ်ရှိ စီနီယာဟောင်းတစ်ဦး၏ လက်ရာကို ကြည့်ရှုနေခဲ့တာဖြစ်သည်။ ဤစီနီယာဟောင်းသည် အတွေ့အကြုံရင့်ကျက်သော ဒရာမာအရိုးဆိုသည့် စကားလုံးနှင့် အမှန်တကယ်ကို ထိုက်တန်လှ၏။ သူမ၏အမူအရာများက ကွက်ကွက်ကွင်းကွင်းရှိလှပြီး ၎င်းက ပရိသတ်တွေအတွက် သူတို့ကိုယ်သူတို့ ရုပ်ရှင်ထဲ၌ အစားထိုးမြင်ယောင်ရန် အလွန်လွယ်ကူသည်။
ကုမျန်က ရုပ်ရှင်ကို အလေးအနက်ထား၍ကြည့်နေပြီး ဖုန်းမကိုင်ချင်ခဲ့ပေ။ သို့သော် ဖုန်းခေါ်နေသည်က လော့ချယ်မှန်း သူမ သိလိုက်ရသည့်အခါ ခဏတာမျှ တုံ့ဆိုင်းနေပြီးနောက် ဖုန်းကိုင်လိုက်သည်။"ဟယ်လို?"
" Koi လေး"
ကုမျန်သည် ထိုနာမည်ကိုကြားလိုက်ရသောအခါ အံ့အားသင့်သွားရသည်။ လော့ချယ်သည် သူမကို သူ့ရဲ့ koi လေးဟု အရင်တခေါက်တုန်းက ပြောပြီးကတည်းက သူမကို ထိုသို့သာခေါ်တော့သည်။
ထိုနာမည်က 'မျန်းမျန်'ဆိုသည်ထက် ပို၍ရင်းနှီးသံပေါက်လေသည်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)