Chapter 1 ရှေ့ဖြစ်ဟော

8 1 0
                                    

ကြီးမားသော အဖြူရောင်အဆောက်အဦးကြီး ၏ အဓိကခန်းမထဲတွင် ရှေ့ဖြစ်ဟောဂိုဏ်းမှ ဂိုဏ်းအကြီးအကဲများ စုစည်းနေကြသည်။
အားလုံးက ခန်းမထိပ်ရှိ သိမ်မွေ့နက်နဲသော အရှိန်အဝါများ လျှံထွက်လာနေသည့် တံခါးတစ်ချပ်ကို စူးစိုက်ကြည့်နေကြ၏။
အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေပြီး တစ်ခန်းလုံးကို သန်မာသည့်စိတ်စွမ်းအားကသာ ဖုံးလွှမ်းနေသည်။

"ကျွီ "

တံခါးဖွင့်သံနှင့်အတူအားလုံးပင့်သက်ရှိုက်မိကြသည်။
အခန်းထဲမှ တခေါင်းလုံးစွတ်စွတ်ဖြူနေပြီး အသက်ဓာတ်များ ယုတ်ရော့နေသည့် လူအိုကြီးတစ်ယောက်က ခပ်ဖြည်းဖြည်းထွက်လာသည်။

" ဂိုဏ်းချုပ် "

လူတိုင်း ဒူးထောက်ချလိုက်ကြသည်။

" ထကြတော့ ဒူးထောက်မနေနဲ့ ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး "

ယုတ်ရော့နေသောအသက်ဓာတ်များကြောင့်  တဖြည်းဖြည်း ပိုလို့အိုမင်းပုံပေါ်လာသော ဂိုဏ်းချုပ်ကြောင့်အားလုံး မျက်နှာမကောင်းကြပေ။
ဒါဟာ ရှေ့ဖြစ်ဟော ဂိုဏ်းချုပ်တွေရဲ့ ဘဝပဲမို့ သူတို့အနေနဲ့ဘာမှမတက်နိုင်ကြပေ။
တချိန်ကျရင် သူတို့ကိုယ်တိုင်လည်း ဂိုဏ်းချုပ်နေရာရောက်သွားနိုင်သည် မဟုတ်ပါလား။

" ဂိုဏ်းရဲ့အဓိက အတားအဆီးကိုဖွင့်လိုက်"

ဂိုဏ်းချုပ်ရဲ့စကားအဆုံးတွင် အကြီးအကဲတစ်ယောက်က ခန်းမအပြင်ထွက်ပြီး စုတ်တံ ပုံသဏ္ဍာန်မှော်လက်နက်တစ်ခုကို ကောင်းကင်ပေါ်ပစ်တင်ကာ အဓိကအတားအဆီးကိုဖွင့်လိုက်၏။
ထိုအချိန်တွင် ရှေ့ဖြစ်ဟောဂိုဏ်း၏ မိုင်တစ်သောင်းပတ်လည်ရှိလူတိုင်း အဓိကအတားအဆီးဖွင့်လိုက်ခြင်းကြောင့် ထွက်ပေါ်လာသည့် ငွေဖြူအရောင်အလင်းများကိုမြင်လိုက်ကြရသည်။
မြင်လိုက်သူအားလုံးက သူတို့၏ ဂိုဏ်းများ အဖွဲ့အစည်းများ အိမ်တော်များ ဌာနချုပ်များကို သတင်းပို့လိုက်ကြသည်။

" ရှေ့ဖြစ်ဟောဂိုဏ်းမှာ ကိစ္စကြီးဖြစ်နေပြီ။ အဓိကအတားအဆီးမပွင့်တာနှစ်တစ်ထောင်ကြာပြီ‌ဆိုတော့  အခုတစ်ခေါက်ထူးခြားတဲ့ရှေ့ဖြစ်ဟောစာတမ်းတစ်ခုထွက်လာတာဖြစ်မယ်"

Legendary Phoenix Queen Where stories live. Discover now