Description

36 2 0
                                    

ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာသော ဖီးနစ် ဘုရင်မ " ဖုန့်ရန် " သည် သူမ ဥထဲတွင်ရှိစဉ်ကပင် ဖုံးကွယ်ထားသော ဂိုဏ်းတစ်ခုမှ ပျိုးထောင်ခြင်းကိုခံခဲ့ရသည်။

ဥမှ အကောင်ပေါက်လာပြီး‌နောက်တွင်လည်း နှစ် ၁၀၀ခန့် သူမ၏ ငှက်‌မွှေးများကျွတ်သည်အထိ ခက်ခဲပင်ပန်းစွာကျင့်ကြံခဲ့ရသည်။

နှစ်၁၀၀ပြည့်ပြီး‌ နောက်ဆုံးတွင် ဖုန့်ရန် ကို သူမဆရာ က တာဝန်သုံးခုပေးပြီး အပြင်လောကဆီသို့ ထွက်ခွင့်ပြုခဲ့သည်။

ဒါက တာဝန်လေးသုံးခုဘဲမလား?  ဂိုဏ်းမှာကျင့်ကြံတာထပ်တော့ ဘယ်ဟာမှ ထပ်မဆိုးနိုင်တော့ဘူး !
သူမဆရာရဲ့ ခက်ခဲကြမ်းတမ်းသော လေ့ကျင့်ရေးနှင့်ယှဉ်လျှင် သူမဘာမဆိုလုပ်နိုင်သည် !
ပစ္စည်းများကိုသိမ်းဆည်းပြီး ဖုန့်ရန်တစ်ယောက်တက်ကြွစွာထွက်လာလေသည်။

ပထမတာဝန် - အထိမ်းအမှတ်တံဆိပ်ပြားကိုယူပြီး စေ့စပ်ထားသူကိုသွားရှာရမည် !

ဖုန့်ရန်တံဆိပ်ပြားကိုလက်ထဲကိုင်ရင်း အောက်ဘုံတစ်ခုလုံးကို ဖြတ်သန်း၍ တံ‌ဆိပ်ပြားဆီမှ လမ်းပြ အငွေ့အသက်အတိုင်းလိုက်ရှာခဲ့သည်။ သုံးလအကြာတွင် အောက်ဘုံ၏ အနောက်ဘက်အကျဆုံး နယ်မြေတွင် သူမစေ့စပ်ထားသူကိုတွေ့လိုက်ရသည်။

ထို့နောက်
စေ့စပ်ထားသူ " အားနာပါတယ် ငါအခုကျင့်ကြံတာကိုအာရုံစိုက်နေရလို့ မင်းကိုလက်ထပ်ဖို့မဖြစ်နိုင်ဘူး "
ဖုန့်ရန် " အိုး.. ကောင်းပြီလေ "
ဒါဆို ဒုတိယတာဝန်ဆက်လုပ်ရတာပေါ့။

ဒုတိယတာဝန် - အနည်းဆုံး တပည့်တစ်ယောက်လက်ခံပါ !

တပည့်ရှာရန်အတွက်ဖုန့်ရန် ပြတ်ပြတ်သားသား လှည့်ထွက်သွားခဲ့သည်။
စေ့စပ်ထားသူ "...."

နှစ်အနည်းငယ်ကြာပြီးနောက်

စေ့စပ်ထားသူ " ရန်ရန် ကလေးလေး ကိုယ်တို့ လက်ထပ်ရအောင်နော် "
ဖုန့်ရန် " ကျွန်မ တပည့်ကို လေ့ကျင့်ပေးနေတယ်
မအားဘူး "
စေ့စပ်ထားသူ " (⁠╥⁠﹏⁠╥⁠) "

Author Note - ဒါလေးက ကျင့်ကြံခြင်းစာစဉ်အရှည်လေးတစ်ခုပါ။ MCကအောက်ခြေကစပြီးကျင့်ကြံတာမျိုး‌တော့မဟုတ်ပါဘူး။ ကိုယ်တို့ရဲ့ MC က ကျင့်ကြံဆင့်မှာ over powerဖြစ်ပြီးသားပါ ။ ဒါပေမဲ့ အပြင်‌လောကမှာအတွေ့အကြုံမရှိ‌တော့ သူမမှာရှိတဲ့စွမ်းအား‌တွေ တန်ဖိုးကြီးပစ္စည်းတွေ ဘယ်လိုသုံးရမလဲနားမလည်တဲ့ ချစ်စရာငတုံးမလေးတစ်ယောက်ပါ။ သူမလေးအနေ MLနဲ့ဘယ်လိုတွေ့မယ် အပေါင်းအသင်းတွေဘယ်လိုရမယ် သူမရဲ့ဂိုဏ်းကိုဘယ်လိုတည်ထောင်မယ် ဆိုတာကို စွန့်စားခန်းတွေ ရယ်မောစရာဟာသတွေ အထူးအဆန်းဇာတ်ကောင်တွေအများကြီးနဲ့ ‌ဖတ်ရှုရမှာဖြစ်ပါတယ်နော် 。⁠◕⁠‿⁠◕⁠。
ချမ်းသာပြီး စွမ်းအားကြီးပေမဲ့ လူတွေအကြောင်းနားမလည်တဲ့အပြင် အရမ်းလည်းအပျင်းထူတဲ့ MC [ဖုန့်ရန်] & အပေါ်ယံမှာ သဘောကောင်းကြင်နာတတ်ပြီး မြင့်မြတ်ပုံပေါ်ပေမဲ့ စိတ်ထဲမှာအကြံအစည်တွေပြည့်နေတဲ့ ဝမ်းတွင်းမည်းအလှလေးML [ဟုန်ရိ]

Legendary Phoenix Queen Where stories live. Discover now