7:30AM'တီ...တီ....တီ....'
Wonwoo တစ်ယောက်Alarm သံကိုကြားတော့စိတ်ညစ်ညစ်ဖြင့်ပိတ်လိုက်တော့သည်။
ထို့နောက်ရေမိုးချိုးပြီးကာအောက်သို့ဆင်းလာခဲ့သည်။
အောက်မှာတော့wonwooရဲ့အမေဖြစ်သူကတော့မနက်စာပြင်ဆင်နေလေရဲ့။"သားလေးwonwooနိုးပြီးလား...လာလေမေမေမနက်စာပြင်ထားတယ်"
"ဟုတ်မေမေ"
"သားရေ"
"ပြောလေမေမေ"
"အမေတို့သားအဖေနောက်ကိုလိုက်သွားရမယ်"
Wonwooတစ်ယောက်တော့စိတ်ညစ်သွားရသည်။ကျောင်းမသွားခင်အမေဖြစ်သူပြောတဲ့စကားကိုကြားပြီးတွေဝေနေမိတယ်။ထို့နောက်......
"မေမေ သားတို့မဖြစ်မနေသွားရမှာလားဟင်"
"ဟင်သားလေးကဘာဖြစ်လို့လဲမလိုက်ချင်လို့လား"
"အဲလိုတော့မဟုတ်ပါဘူး ကျောင်းကစာမေးပွဲလည်းနီးနေပြီးဆိုတော့ သားနည်းနည်းအဆင်မပြေဖြစ်မှာကြောက်လို့ပါ.."
ကျောင်းသို့သွားသောလမ်းတွင်wonwooတစ်ယောက်သူ့အမေပြောသောကိစ္စအားထပ်တလဲလဲစဉ်းစားမိ၏......။
ထို့နောက်အနောက်မှာကြားရသောရင်းနီးတဲ့အသံ...
"hyung"
ဟုတ်ပါတယ်သူ၏နှစ်ယောက်မရှိသောအမြွှာညီကိုJeon Seokmin ပါ။
"ဟာမင်ဒီနေ့အိမ်ကထွက်သွားတာစောလိုက်တာ"
"ဟာhyung ကသာအိပ်ယာထနောက်ကျနေတာဗျ"
"ဟေ့ကောင်မင်းကလည်း7:30ဆိုတာဒီလောက်စောတာကို"
"ဘာလဲမင်းညကအိမ်ပြန်မအိပ်ဘူးမလား"
Seokmin တစ်ယောက်ဘာပြောရမှန်းမသိအောင်ပင်ကြောင်သွားတော့သည်။
'ဟာငါပြန်မလာတာhyung ကဘယ်လိုသိတာလဲဟ'
"ဟေ့ကောင်seokmin မင်းမတ်တပ်ကြီးသေသွားတာတော့မဟုတ်ပါဘူးနော်"
Wonwoo၏အသံကိုကြားမှသတိပြန်ဝင်လာ၏
ထိုအခါwonwooတစ်ယောက်ခေါင်းတစ်ရမ်းရမ်းနှင့်'ဒီကောင်မလွယ်ဘူး'လို့သာစိတ်ထဲကတွေမိလိုက်တော့သည်။
YOU ARE READING
Our meeting was the beginning of love(Complete)
Fanfiction"Hyung ကိုကျွန်တော်ချစ်တယ်Hyung!!" -Kim Mingyu- "ငါလဲမင်းကိုချစ်တယ်Mingyu!" -Jeon Wonwoo- Minwonလေးရေးချင်နေတာကြာပါပြီidealမရလို့မရေးတာအခုတော့စိတ်ပါတာနဲ့ကောင်ရေးပြီးတင်ချလ...