𝐌𝐲

730 141 14
                                    


______________

" ငါ ဘယ်လိုမျက်နှာနဲ့ပြောရမလဲမသိဘူး "

ဂျောင်ဝန်း သူ့အရှေ့တွင် ညည်းညူပြနေသည့် သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း ခက်ရင်းပတ်လည်၌ ရစ်ထားသည့် ပါစတာခေါက်ဆွဲမျှင်တို့ကို အရသာရှိစွာ စားလိုက်သည် ။

ဆောနူက သိပ်အားနာတတ်သူမဟုတ်တာ ငယ်ပေါင်းဖြစ်သည့် ဂျောင်ဝန်းသိပြီးသားမို့ ပတ်ခ်ဆောင်းဟွန်းကို အကူအညီ တောင်းရခြင်းအပေါ် ဤမျှတွေးနေခြင်းသည် သာမန်ထက် အလေးထားနေသည့် ကိစ္စဖြစ်၍ဆိုတာ သိသာနေ၏ ။

" ဒီအတိုင်း အကူအညီတောင်းတာမဟုတ်ဘဲ အပေးအယူအနေနဲ့ သူလိုတာတစ်ခုခု ပြန်ဝယ်ပေးတာဖြစ်ဖြစ် လုပ်ရင်ရော? "

" ပတ်ခ်ဆောင်းဟွန်းလို နှစ်ကုန်ဘောနပ်စ်တွေ သုံးမကုန်အောင် ရနေတဲ့လူက ဘယ်လိုပစ္စည်းကို လိုလောက်လဲ? "

ဂင်မ်ဆောနူ၏ စိတ်ဓာတ်ကျနေသည့်အသံကြောင့် ဂျောင်ဝန်း ဆက်အကြံမပြုနိုင်တော့ပေ ။ သူ စားလက်စ ခက်ရင်းကို ပြန်ချ၍ အလေးအနက်ပြောရတော့၏ ။

" ဆောနူ...တကယ်လို့ ပတ်ခ်ဆောင်းဟွန်းကို အကူအညီတောင်းလို့ သူကလည်း လက်ခံပြီး မင်းမိဘတွေကို လိုက်တွေ့တယ်ဆိုရင်တောင် ဒါက ဖြေရှင်းနည်းအမှန်မဟုတ်သေးဘူး "

သူ့အပြောကြောင့် ဆောနူက ခေါင်းငိုက်စိုက်ကျနေရာမှ ဖြည်းညင်းစွာ မော့ကြည့်လာသည် ။

" ငါသိပါတယ် "

" မင်းမိဘတွေ ကျေနပ်အောင် အယ်လ်ဖာရှိပုံဟန်ဆောင်ပြပြီးရင် မင်းရဲ့ heatအတွက်ရော? မင်းကိုယ်မင်း ဂရုမစိုက်တော့ဘူးလား? ထိန်းချုပ်ဆေး အသုံးလွန်ရင် မင်းကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်နော် ဂင်မ်ဆောနူ "

ဂျောင်ဝန်းက ဆောနူ၏ လက်ဖျံရှိ လောလောလတ်လတ် ထိုးထားပုံရသော အပ်ပေါက်ရာငယ်တစ်ခုကို ကြည့်လျက် ပြောလာသည် ။

အိုမီဂါတစ်ယောက်အတွက် heatကာလတွင် အယ်လ်ဖာဖယ်ရိုမုန်းမရှိဘဲ ဖြတ်သန်းရခြင်းက အလွန်နာကျင်ရပြီး အားငယ်စိတ်ဝင်ဖို့ရာ လွယ်ကူ၏ ။ ထိုနာကျင်မှုကို ထိန်းချုပ်ဆေးသုံးရုံဖြင့် မကျော်လွန်နိုင်ဘဲ ဆေးအပြင်းများပို သုံးစွဲလေ ရနံ့ထုတ်ဂလင်းကို ပျက်စီးစေနိုင်လေဖြစ်၏ ။

Be my lullaby | SunSun |Where stories live. Discover now