အခန်း ၁

54 3 5
                                    

အခန်း ၁ နတ်ဆိုးနှင့်တူသော ရှန်းရှီ

တောင်ပိုင်းနယ်မြေတွင်ရှိသော ယုံမြို့တွင် နှင်းများတဖွဲ့ဖွဲ့ကျနေသည်။

လေပြင်းများသည် ရေခဲများနှင့် နှင်းများကို သယ်ဆောင်သွားသလို
အေးစက်စက်ခံစားချက်ကိုဖြစ်စေသော်လည်း သူ့အတွက် လုံးဝ မမူပေ။
ညိုမှောင်းနေသော နေဝင်ချိန်တွင် သုတ္တန်တစ်လျှောက်လေပြင်းတိုက်သံတွေက
ရှန်းရှီ ကို အရိုးထဲတွင်စွဲနေအောင် တဆက်ဆက်နာကျင်တဲ့ ခံစားချက်ကိုပေးနေသည်။

အမေဖြစ်သူရဲ့ သေတန်းစာကို လက်ထဲတင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ထားရင်း မိခင်ဖြစ်သူရဲ့မြေပုံရှေ့မှာ ဒူးထောက်ချလိုက်လေသည်။
သူပိုင်ဆိုင်သောအရာ ဒီကမ္ဘာမြေတွင်ဘားမှ မရှိတော့။

မိဘနှစ်ပါးရော၊သူ့ဂုဏ်သိက္ခာတွေရော အခုတော့ ဘားမှမရှိတော့။

၊တကယ်တမ်း သူ့မျက်နှာက ဘားမှမထူးခြားပေမဲ့ မျက်လုံးတွေထဲမှာတော့ လက်စားခြေချင်တဲ့ ရန်လိုမှုတွေနဲ့ပဲပြည့်နေခဲ့သည်။

လက်ရှိအချိန်တွင်၊ ယုံမြို့ရှိ ပန်းချီပြခန်းတစ်ခု၌ လွန်ခဲ့သော သုံးနှစ်အတွင်း မထင်မရှားရှိနေရာက ရုပ်တရက်အောင်မြင်လာသော ပန်းချီဆရာမ တဖြစ်လည်း ဂျောင်မိသားစု အငယ်ဆုံးသခင်မလေး(ဗီလိန်) ဂျောင်ရှု့ သည် ခွန်းလွန်း ဆောက်လုပ်ရေးကုမ္မဏီ၏ ဥက္ကဋ္ဌ သမီးဖြစ်ရာ သူ ကိုယ်တိုင်ရေးဆွဲထားသော ပန်းချီပြပွဲကို တက်ရောက်ခဲ့သည်။

ဂျောင်လန် သည် အနောက်တိုင်းစီးပွား​​ရေးဝတ်စုံကို ၀တ်ဆင်ထားပြီး စင်မြင့်ပေါ်တွင် မိန့်ခွန်းပြောနေသည့် သမီးဖြစ်သူကို တစ်ချက်ပြုံးပြလိုက်ကာ ကန့်လန့်ကာရှေ့တွင် ရပ်လိုက်သည်။

ဂျောင်ရှု့ သည် ဂါဝန်ရှည် ကို ၀တ်ဆင်ထားသည်။ သူမသည် စင်မြင့်အလယ်တွင် ရပ်ပြီး လက်ထဲမှ မိုက်ခရိုဖုန်းဖြင့် တည်တန့် စွာ မိန့်ခွန်းပြောနေသည်။

"လေးစားအပ်ပါသော ပန်ချီပညာရှင်ခေါင်းဆောင်များနှင့်ဧည့်သည်တော်များ ကိုမင်္ဂလာပါလိုနှုတ်ဆက်လိုက်ရပါတယ်ရှင့်။ ဒီနေ့က ကျွန်မရဲ့ အနုပညာပြပွဲကို လူအများအပြား တက်ရောက်ပေးကြတဲ့အတွက် အရမ်းကိုဂုဏ်ယူမိပါတယ်။ ကျွန်မရဲ့ အနုပညာပြပွဲကို တက်ရောက်လာ​ပေးကြ​တဲ့ ခေါင်းဆောင်တွေ၊ ဧည့်သည်တွေနဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်ပါတယ်လို့ အရင်ပြောချင်ပါတယ်ရှင့်။"

ပြန်လည်မွေးဖွားလာသော ဂုဏ်သိက္ခာရှိ မိန်းမပျိုWhere stories live. Discover now