အခန်း ၂ ရှန်းရှီသည် ဂျောင်မိသားစု၏ မျက်နှာဖုံးကိုခွာချခဲ့သည်။
လူတိုင်းက ဂျောင်ရှု့ပြောတဲ့စကားက တကယ်ဖြစ်နိုင်ကြောင်းတီတိုးပြောနေကြသည်။
"သူက ဒီအရင်ကဂျောင်မိသားစု သမီးဖြစ်သူ ဂျောင်ရှီမလား"
"သူ ဒီနေရာမှာပေါ်လာရဲလောက်အောင် ဘယ်လောက်တောင်အရှက်မဲ့တာလဲ။သူက ဂျောင်ရှု့ရဲ့ နေရာမှာအစားယူပြီးမိဘတွေကို လုယူချင်ယုံမကဘူး ပိုင်ဆိုင်မှုတွေအားလုံးကိုလိုချင်နေသေးတယ်။တစ်ကယ်ကိုအရှက်မဲ့လိုက်တာ"
ဂျောင်ရှု့ရဲ့လှည့်စားထားတာကိုခံလိုက်ရတဲ့အသက်ကြီးကြီး ကပ်ဖားရပ်ဖားလုပ်တက်တဲ့လူကြီးကတိုးတိုးလေးပြေားလိုက်သည်။
“အတိအကျပဲ။ ဒီလို အရှက်မဲ့တဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူး။ သူ. ကိုမွေးထားတဲ့ မိသားစုရဲ့မျက်နှာကို ထည့်မစဉ်းစားတော့ဘူး”
"သူ တကယ် ရူးသွားခဲ့တာနေမယ်။ သူအခုဆိုရင် ဘယ်လောက်တောင် ရူးသွပ်နေလဲ။ သူ နဲ့တူတဲ့နောက်ထပ်လူတစ်ယောက် ကို ငါ တစ်ခါမှ မတွေ့ဖူးသေး ဘူး။"
"သူ ထောင်ကျ သွားလို့ထင်တယ်"
“သူ့ကို လွှတ်ပေးလိုက်တာ ဖြစ်နိုင်တယ်။ ထောင်ငါးနှစ် ချလိုက်တယ်လို့ ကြားတယ်။"
“သူက ဟာသတွေပြောနေတယ်ထင်တာပဲ။ အကျဉ်းသားဟောင်းက ဒီလိုလှပတဲ့ ပန်းချီကားတွေကို ဘယ်လိုဖန်တီးနိုင်မှာလဲ”
“အမှန်ပဲ။ သူက အရှက်မရှိတဲ့လူပဲဖြစ်မယ်။"
" ရှောင်အဖွဲ့ ရဲ့ သခင်ငယ်က သူ့ကို သဘောကျတယ်လို့တောင် ထင်ေနခဲ့တာလား။ သူက တစ်ကယ်ကို ရူးနေတာပဲ။"
“အမှန်ပဲ။ သူ့ကိုယ်သူ ကောင်းကောင်းပြန်ကြည့်သင့်တယ်။ သူ့ရုပ်ရည်က ရှောင်သခင်လေးနဲ့ ထိုက်တန်တယ်ထင်နေတာလား။"
ရှန်းရှီ သည် သူ့ပတ်ဝန်းကျင်ရှိလူများ၏ ကဲ့ရဲ့ပြစ်တင်မှုများ၊ စွပ်စွဲမှုများနှင့် ကျိန်ဆဲမှုများကို လျစ်လျူရှုခဲ့သည်။ ဂျောင် မိသားစုဟာ အမှန်တရားကို လိမ်လည်ဖို့အတွက် ဘယ်လိုတွေလုပ်ခဲ့လဲဆိုတာကို သူကောင်းကောင်းသိသည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဂုဏ်သိက္ခာရှိ မိန်းမပျို
Romanceမသေဆုံးခင် အရင်ဘဝကမွေးစားမိသားစု၏နှိပ်ဆက်ခြင်းကိုခံရသည်။မွေးစားမိသားစု၏သမီးအရင်းက ရှန်းရှီ၏ ဖခင်အရင်းကို ကားဖြင့်သေအောင်တိုက်သက်လိုက်သည်။မွေးစားမိဘများက ၁၈နှစ်တိုင်တိုင်ကြွေးမွေးခဲသောကျေးဇူးကိုဆပ်ရန်အတွက် သူတို့သမီးအစား ရှန်းရှီအား ထောင်အစားကျခံ ပေး...