အခန်း ၃။
လူလိမ်မကို ရိုက်နှက်ခြင်း။
ဘာသာပြန် မင်းထက်။ဂျောင်လန် က ဂျောင်ရှု့ ရဲ့ ဆိုလိုရင်းကို ချက်ချင်းနားလည်လိုက်ပြီး
" ရှန်းရှီ ၊ ငါတို့ ဆယ့်ရှစ်နှစ်ကြာ အတူလက်တွဲခဲ့ပြီးပြီ ရှု့အာ ရဲ့
နူးညံ့သိမ်မွေ့တဲ့ စိတ်ထားကြောင့် ငါ မင်းကို အမြဲတမ်း သည်းခံခဲ့တယ် "“ဒါပေမယ့် ဒီကိစ္စရဲ့အမှန်တရားက မင်းပြစ်မှုကျူးလွန်ခဲ့တာ။
အဲဒီတုန်းက ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို သေခြာ
စုံစမ်းစစ်ဆေးခဲ့ပြီး မင်းက ပြစ်မှုကျူးလွန်ခဲ့သူဖြစ်ကြောင်း
သက်သေထင်ရှားခဲ့ပါတယ်။ သက်သေမရှိဘဲရှု့အာ ကို စွပ်ဆွဲ
လို့မရဘူး။ တရားဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းမှာ
စိတ်မကျန်းမမာဖြစ်တာဟာ မဆင်မခြင် ပြုမူဖို့
အကြောင်းပြချက်တစ်ခု မဟုတ်ပါဘူး။”ဂျောင်ရှု့ က သူမရဲ့ နှလုံးသားထဲမှာ တိတ်တဆိတ်
ရယ်မောလိုက်တယ်။ သူမရဲ့ဖခင်ဟာ သူမလိုပဲ
လူယုတ်မာတစ်ယောက်ဖြစ်နေခဲ့ပြီး သူမရဲ့ဆိုလိုရင်းကို လျင်မြန်စွာ
နားလည်နိုင်ခဲ့တယ်။ စိတ်မနှံ့ဘူးဟုတ်လား။ သူ့ဘဝရဲ့
ဆယ့်ရှစ်နှစ်အထိ ချမ်းချမ်းသာသာနေထိုင်ခဲ့ပြီး သူမမှာ ဘာမှ
မကျန်တော့ဘူးဆိုတဲ့အချက်ကို ရှန်းရှီ က လက်မခံနိုင်ပါဘူး”ထို့နောက် ဂျောင်ရှု့ က မျက်မှောင်ကြုတ်လိုက်ပြီး ရှန်းရှီ ကို
စိတ်ပူတဲ့အမူအရာနဲ့ ကြည့်ကာ "ရှန်းရှီ ဖေဖေ့ကို အပြစ်မတင်ပါနဲ့။
ဆယ့်ရှစ်နှစ်လောက် ကြီးပြင်းလာတဲ့ သူ့သမီးလေး ဒီလိုဖြစ်လာတာကို
မြင်ရတော့ သူလဲစိတ်ပျက်သွားမှာပဲ။ သူ့မျှော်လင့်ချက်အတိုင်း နင်က
လိုက်မမီတဲ့အတွက် ဒေါသတကြီးနဲ့ ပြောခဲ့တာဖြစ်မှာပါ”
(မှန်းချက်နဲ့နှံးထွက်မကိုက်တာကိုပြောတာပါ)"အိမ်ပြန်ရအောင်၊ အခုကနေစပြီး ငါတို့က ညီအစ်မအရင်းတွေပဲ။
အဖေနဲ့အမေက မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ငါတို့အားလုံး
ကမိသားစုဝင်ေတွဖြစ်သွားမှာပါ”ဂျောင်ရှု့ ရဲ့စကားကို တုံ့ပြန်လိုက်ပြီးရှားချွန် က သူမရဲ့
မျက်ရည်တွေကို သုတ်လိုက်ပြီး ဂျောင်လန် ရဲ့ ရင်ခွင်ထဲကို
မှီလိုက်တယ်။ သမီးလေး အရှက်ကွဲနေတာကို ဝမ်းနည်းနေတဲ့
မိခင်တစ်ယောက်လိုပါပဲ။
YOU ARE READING
ပြန်လည်မွေးဖွားလာသော ဂုဏ်သိက္ခာရှိ မိန်းမပျို
Romanceမသေဆုံးခင် အရင်ဘဝကမွေးစားမိသားစု၏နှိပ်ဆက်ခြင်းကိုခံရသည်။မွေးစားမိသားစု၏သမီးအရင်းက ရှန်းရှီ၏ ဖခင်အရင်းကို ကားဖြင့်သေအောင်တိုက်သက်လိုက်သည်။မွေးစားမိဘများက ၁၈နှစ်တိုင်တိုင်ကြွေးမွေးခဲသောကျေးဇူးကိုဆပ်ရန်အတွက် သူတို့သမီးအစား ရှန်းရှီအား ထောင်အစားကျခံ ပေး...