အပိုင်း - ၃ ( ပွင့်ချပ်တစ်ရာ ပဒုမ္မာကြာ )
ချန်ဝမ်မှာ မိခင်ဖြစ်သူနှင့် ရုပ်ချင်းဆင်တူ၏ ။ စိတ်နေစိတ်ထားကမူ မိုးနှင့်မြေပမာ ကွာခြားကြကာ ချန်ဝမ်ကမူ သိမ်မွေ့ပြီး သိုသိပ်၏။ သူမ၏ မျိုးရိုးဗီဇထဲက တောက်ပပေါ်လွင်သော အလှတရားနှင့် ကလေးဆန်မှုတို့မှာ ချန်ဝမ်ထံတွင်မူ ငြိမ့်ညောင်းစွာ မသိမသာဖြစ်မှုနှင့် တည်ငြိမ်အေးချမ်းမှုအဖြစ် ပြောင်းလဲသွားသည်။
ချန်ဝမ် သူမထံ လျှောက်လှမ်းလာလိုက်ကာ နှုတ်ခမ်းသားကြားက စီးကရက်အား ယူလိုက်ပြီးနောက် ပြောလာ၏။
"အပြင်ဘက် သွားနေကြစို့လား။ ကျွန်တော်နဲ့ မနေချင်ဘူးဆိုလည်း သီးသန့်အိမ်တစ်လုံး ရှာပေးမယ်လေ။ Duplex ဖြစ်ဖြစ် Villa ဖြစ်ဖြစ်ပေါ့။ သူ့ဘက်ကို ဘယ်လိုပြောရမလဲဆိုတာ ကျွန်တော် နည်းလမ်းရှာထားပါ့မယ်"
ချန်ဝမ်ဘက်မှ ယခုလိုမျိုး တောင်းဆိုလာခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်တော့ပါ။ စုန့်ချင်းမြောင့်မှာ စိတ်ထိခိုက်သွားကာ သားဖြစ်သူအား နားမလည်နိုင်စွာနှင့် အပြစ်တင်လိုစွာ ကြည့်လာသည်။
"ဘာလို့ ထွက်သွားရမှာလဲ။ မသွားဘူး။ မေမေ ဒီအတိုင်း ထွက်သွားရင် မေမေတို့ပိုင်ဆိုင်တဲ့ဟာတွေ ဘာမှ မရလိုက်ဘဲ နေမှာပေါ့"
ချန်ဝမ် ခေတ္တမျှ တိတ်ဆိတ်သွားကာ သူမအား တည်ငြိမ်စွာ ပြောလာ၏။
"မေမေ သေလည်း သူ ဘာမှ ပေးမှာမဟုတ်ဘုး"
"ဒါဆိုလည်း ကိုယ့်ဘာသာကိုယ်ပဲ ရအောင် လုပ်ကြတာပေါ့"
စုန့်ချင်းမြောင့်က ချန်ဝမ်၏လက်ကို ဆုပ်ကိုင်လာ၏။
"ပေါင်ပေါင်း ၊ မေမေ့ဆီမှာ မင်းတစ်ယောက်တည်းပဲ ရှိတာ။ မင်း ဒီထက် ယှဉ်ပြိုင်ကြိုးစားချင်စိတ် ရှိရမယ်နော်"
ချန်ဝမ် ပါးစပ်အဟောင်းသား ဖြစ်သွားရကာ ဘယ်သောအခါမှ ကြီးပြင်းမလာသည့် "မိန်းမပျို"လေးအား ကြည့်လိုက်၏။ ထို့နောက် ဘာစကားမှ ထပ်မဆိုခဲ့။
စုန့်ချင်းမြောင့်မှာ လက်ရှိအဖြစ်အား မကျေနပ်နိုင်ပါ။ ယခင်တုန်းက သူမမှာ ဂုဏ်သိန်ထည်ဝါလှသူ ဖြစ်ခဲ့၏။ ထိုခေတ်မှာ သူမအတွက် သာယာပျော်ရွှင်ဖွယ်ကောင်းလှကာ တောက်ပထည်ဝါလှသည်။ လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ထင်ရှားကျော်ကြား၏။
![](https://img.wattpad.com/cover/373527938-288-k999322.jpg)
YOU ARE READING
ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] [ Completed ]
Lãng mạn"ချန်ဝမ်...ကိုယ် မီးခြစ် ယူမလာခဲ့ဘူး"