အပိုင်း - ၅၁ ( ခန့်မှန်းမထားသော မုန်တိုင်း )
Double update for today. Please make sure to read the previous chapter too. Thanks.
ခဏအကြာ ဖန်းကျဲန့် ပြန်ဝင်လာရာ ကျောက်ရှန်းကောနှင့် ရွှီကျီးယင်တို့ စကားအပြောရပ်သွားကြ၏။
ဖန်းကျဲန့်မှာ ရွှေပေါ်မြတင်အသိုင်းအဝိုင်းမှ လူများနှင့် စကားပြောရသည်ကို မနှစ်ခြိုက်ပါ။ ချန်ဝမ်ကမူ စီးပွားရေးသမားဟု ဆိုသည့်တိုင် ဘဝင်ခိုက်ပြီး ပေါ့ပေါ့ပျက်ပျက်နေတတ်သည့် လူထဲ မပါ၊ ငွေနံ့ဖြင့်လည်း နံစော်မနေ။ ထိုသူ တစ်ခုခုလုပ်တိုင်း စာပေသမား ပိုဆန်ကာ အတော်လေးလည်း တည်ငြိမ်အေးချမ်း၏။ ထိုသူက သိပ္ပံနှင့် သုတေသနအတွက် အလားအလာရှိသောလူဖြစ်ရာ သူ့လက်အောက်၌ ဘွဲ့လွန် သို့မဟုတ် ပါရဂူတန်း လာတက်မလားဟု ဖန်းကျဲန့် အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်သေးသည်။ ချန်ဝမ်ကမူ အကြိမ်တိုင်း ငြင်းဆန်ခဲ့စမြဲ။
ချန်ဝမ်မှာ အခြားသူများ လွယ်လင့်တကူ စကားလာပြောလိုသော၊ အကြောင်းခြင်းရာ မျှဝေပေးလိုသော လူစားမျိုးဖြစ်ကာ ဖန်းကျဲန့် သတိမထားမိလိုက်ခင် သူ၏စိတ်ကူးစိတ်သန်းများစွာ ပြောပြဖြစ်ခဲ့သည်။ သူ့ဘွဲ့လွန်ကျောင်းသားများအပေါ်ထက်ပင် ချန်ဝမ်အေပါ် ကြင်နာနူးညံ့ပေးနေ၏။
သင်္ဘောပေါ်မှ ဆင်းသောအခါ လီရှန်းဟွေး လွှတ်လာသောလူများက သူတို့အား လာကြိုကြသည်။ ချန်ဝမ် မအံ့ဩပါ။ သူတို့ ရောက်မလာခင်ကတည်းကပင် ကျောက်ရှန်းကောက တစ်ဖက်လူနှင့် သဘောတူညီချက်တစ်ခုခု လုပ်ပြီးလောက်ပြီဟု ချန်ဝမ် မှန်းဆထားပြီးသားဖြစ်၏။
အမိန့်အတိုင်း လာကြိုသူမှာ အတော်လေး ရိုကျိုးကာ ကျောက်ရှန်းကောဘေး အဖော်လိုက်ပြုပေးသူကလည်း အေးေဆးေပါ့ပါးလှသည်။ သို့သော် နှစ်ဦးနှစ်ဖက်၏ အပြုအမူတိုင်းက တစ်ဦးကိုတစ်ဦး အသံတိတ် အကဲစမ်းနေကြကြောင်း ချန်ဝမ် ထင်ရှားစွာ ခံစားသိရှိနိုင်ပေ၏။
ပင်လယ်ကြီးမှာ မျက်နှာပြင်၌သာ ငြိမ်သက်အေးဆေးကာ ရေအောက်တွင်မူ လှိုင်းများ ကြမ်းတမ်းစွာ လှုပ်ခတ်၏။ မုန်တိုင်းမလာခင်တွင်ဆိုလျှင် အရာအားလုံးက တည်ငြိမ်အေးချမ်းကြစမြဲ ။

YOU ARE READING
ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] [ Completed ]
عاطفية"ချန်ဝမ်...ကိုယ် မီးခြစ် ယူမလာခဲ့ဘူး"