Extra - 4 / Main CP's Extra ( Domestic ShengWan )
အိမ်ရှေ့ဥယျာဉ်၌ Rolls-Royceကား ရပ်သွားသည်။ Work call တစ်ခုအား ဖြေဆိုပြီး၍ ကားပေါ်မှ ကျောက်ရှန်းကော ဆင်းရန်အလုပ်၊ ကလစ်ဆိုသော အသံတစ်ချက်နှင့်အတူ ချန်ဝမ်က ဗဟိုထိန်းချုပ်မှုစနစ်မှ ခလုတ်အား နှိပ်လိုက်သည်။
"ကျောက်ရှန်းကော"
ချန်ဝမ်က သူ့အင်္ကျီအိတ်ထဲမှ ဖဲချပ်တစ်ချပ်အား ထုတ်ပြလာ၏။
"ဒါလေး တွေ့ထားတယ်။ ကျွန်တော့်အင်္ကျီအိတ်ထဲ ဘယ်သူ လာထည့်ပေးသွားလဲဆိုတာ ခင်ဗျား သိလိုက်လား?"
King of Hearts ( Knight card )....
ကျောက်ရှန်းကော သူ့အား ကြည့်လာကာ ဣန္ဒြေမပျက် ပြောလာသည်။
"မသိဘူး"
"ဪ"
ချန်ဝမ် ပြုံးလိုက်၏။ ထို့နောက် စိတ်ပျက်အားငယ်စွာ ရေရွတ်လာသည်။
"ဖဲဝေတဲ့လူကို သွားမမေးနိုင်တော့ဘူးဆိုတော့ ဒီကတ်ရဲ့ အကျိုးခံစားခွင့်ကို ခင်ဗျားဆီကေနပဲ ကျွန်တော် တောင်းဆိုလိုက်လို့ ရမလား"
ကျောက်ရှန်းကော တွေးကြည့်လိုက်ကာ စေတနာထက်သန်စွာ လက်ခံလိုက်၏။
"ရတယ်"
ချန်ဝမ် မျက်လုံးခဏမှိတ်ကာ ပြန်ဖွင့်လိုက်သည်။ ထို့နောက် ကျောက်ရှန်းကောအနား တိုးကပ်သွားကာ မေးလိုက်၏။
"ဘာပဲ တောင်းဆိုတောင်းဆို၊ ဖြည့်ဆည်းပေးမှာလား"
ကျောက်ရှန်းကော မျက်ခုံးပင့်သွားသည်။
ဟုတ်ပါသည်၊ မည်သည့်အရာကိုမဆို ချန်ဝမ် တောင်းဆိုနိုင်သည်သာ။
ချန်ဝမ် ခေါင်းအနည်းငယ် စောင်းငဲ့ကာ ခေတ္တမျှ တွေးကြည့်လိုက်၏။
"ဒါဆို ကျွန်တော် - "
"ခင်ဗျားနဲ့ .... ဒီည ပျော်ချင်တယ်"
ကျောက်ရှန်းကော အနည်းငယ် အံ့ဩသွား၏။
"ဘာရယ်?"
ကျောက်ရှန်းကော မော့ကြည့်လိုက်သောအခါ သူ့အား လိုချင်မက်မောစွာနှင့် ရူးသွပ်စွဲလမ်းစွာ ကြည့်လာသော၊ သို့သော်လည်း သိပ်မစိမ်းသက်သော၊ ချန်ဝမ်၏ အကြည့်များကို မြင်လိုက်ရသည်။
![](https://img.wattpad.com/cover/373527938-288-k999322.jpg)
YOU ARE READING
ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] [ Completed ]
Romance"ချန်ဝမ်...ကိုယ် မီးခြစ် ယူမလာခဲ့ဘူး"