အပိုင်း - ၅၆ ( လေလွင့်ရွက်ငယ် ပြန်လာခဲ့ပြီ )

9.1K 1.3K 773
                                    

အပိုင်း - ၅၆ ( လေလွင့်ရွက်ငယ် ပြန်လာခဲ့ပြီ )

Double update for today. Please make sure to read the previous chapter too. Thanks.

Enjoy a long-awaited great moment.

ထိုအခိုက်အတန့်တွင် ချန်ဝမ်၏နှလုံးသား ချက်ချင်း အခုန်ရပ်သွား၏။

သူ ရှိ‌ေသာနေရာမှာ ပင်လယ်နှင့်အတော်လေး ဝေးကွာလှသော်ငြား ယခုတွင်မူ သူ့တစ်ကိုယ်လုံး အသူတရာချောက်နက်ထဲ ပြုတ်ကျသွားသည်ဟု ချန်ဝမ် ခံစားလိုက်ရ၏။

ချန်ဝမ် ငြိမ်သွားသည်။ ကျောက်ရှန်းကောဘက်ကမူ ပိုပြီး စိုးထိတ်လာ၏။ မသိလျှင် ရှောင်ပြေးလိုက် ကာကွယ်လိုက်လုပ်ရင်း သေမင်းခံတွင်းဝနား‌ေရာက်သွားသည့် စောနကအဖြစ်ဆီ ပြန်လည်ရောက်ရှိသွားသည့်အလား။

ဤတစ်ကြိမ်တွင် သေနတ်ကိုင်ဆောင်ထားသူမှာ ဟူမင်မဟုတ်ဘဲ ချန်ဝမ် ဖြစ်နေခဲ့ပေ၏။

ထို့နောက် ‌ချန်ဝမ်ဘက်မှ ပြောလာသည့်အသံအား ကျောက်ရှန်းကော ကြားလိုက်ရ‌ေပ၏။

"တောင်းပန်ပါတယ်"

ကျောက်ရှန်းကော လက်သီးဆုပ်ထားမိသည်။

ထို့နောက် ချန်ဝမ်က ကြေကွဲဆို့နင့်စွာ ပြုံးပြလာခဲ့၏။

"ခင်ဗျားကို ကျွန်တော် သဘောကျမိပါတယ်"

ကျောက်ရှန်းကောခမျာ တစ်ကြိမ်ထပ်ပြီး စိတ်သက်သာရာရသွားပြန်သည်။ မကြာလိုက်ပါ၊ ချန်ဝမ်ဘက်မှ တိုးလျကြည်လင်သော အသံဖြင့် ဆက်ပြောလာ၏။

"တောင်းပန်ပါတယ်။ ကျွန်တော့်အပေါ် ခင်ဗျား မယုံကြည်ပေးနိုင်တော့မှန်း သိပေမယ့် တကယ်ပါ၊ ကျွန်တော့်ဆီမှာ တခြားဘာအကြံဆိုးမှရော ဘာရည်ရွယ်ချက်မှ‌ေရာ မရှိပါဘူး"

"ကျွန်တော် ခင်ဗျားကို ထပ်မနှောင့်ယှက်တော့ပါဘူး။ ဒီတစ်ခေါက်ရဲ့ ကတိကိုလည်း ကျွန်တော် ‌ဆက်ဆက် တည်ပါ့မယ်"

ကျောက်ရှန်းကော မျက်မှောင်ကြုတ်သွားသည်။ထို့နောက် နားလည်သဘောပေါက်သွား၏။

ချန်ဝမ် သူ့ကို သဘောကျသည်။

သို့သော် ထိုမျှသာ ဖြစ်၏။

ထို့ထက် မပိုလွန်ခဲ့။

သိမ်မွေ့သော၊ ထုံကျဉ်သော၊ စူးရှခါးသက်သော နာကျင်မှုဝေဒနာက ကျောက်ရှန်းကော၏ နှလုံးသားအား ဖြည်းဖြည်းချင်းစီ ဖျစ်ညှစ်‌လာသည်။

ချီလော့လီဝေစီးထံမှ ပြန်စာ [ To Keats ] [ Completed ]Where stories live. Discover now