Unicode
ဒုတိယအချက်၊ တစ်နေ့ သူ သဘောကျရသည့်လူရှိလာခဲ့လျှင် သူတို့ကို ဖုံးကွယ်ထားမှာ မဟုတ်ဘဲ၊ တတ်နိုင်သမျှ အမြန်ဆုံး ပြောပြမည်ပင်။
ကုမျန်သည် သူမ၏ခန့်မှန်းချက်ကြောင့် အံ့ဩသွားသည်။
သူမ ထပ်ပြီးအတည်ပြုချင်သည်။ "လူသိရှင်ကြား ထုတ်ပြောချင်တာလား"
သို့သော် သူက စက္ကန့်ပိုင်းမျှပင် တုံ့ဆိုင်းမနေဘဲ တန်းပြောလာသည်။ "ဟုတ်တယ်၊ ကိုယ် သူတို့တွေသိအောင်ပြောပြချင်တယ်"
"ဒါဆိုလည်း လူသိရှင်ကြားထုတ်ပြောကြတာပေါ့"
နည်းနည်းမြန်သည်ဟု ကုမျန်ခံစားရသော်လည်း မည်သို့ပင်ဖြစ်စေ လူသိရှင်ကြား ထုတ်ပြောပြော၊မပြောပြော သူမအပေါ် သက်ရောက်မှုများစွာရှိမည်မဟုတ်ပေ။ သူမသည် သက်မွေး၀မ်းကြောင်းအလုပ်အတွက် ဖျော်ဖြေရေးနယ်ပယ်အား မှီခိုနေရတာ မဟုတ်ချေ။
အများဆုံးခံစားရမည့်သူက လော့ချယ်ဖြစ်၏။
သူက လူသိရှင်ကြား ထုတ်ပြောချင်တယ်ဆိုတော့လည်း ထုတ်ပြောကြတာပေါ့။
လော့ချယ်သည် အလွန်ပင် စိတ်သက်သာရာရသွားပြီး ပြုံးလိုက်သည်။ "ဟုတ်ပြီ ဒါဆို မင်း "10 Girls out of 100" ပရိုဂရမ်အဖွဲ့
ပံ့ပိုးပေးထားတဲ့အိမ်မှာ ရှိနေတုန်းပဲလား""ကိုယ့်ကိုစောင့်နေ"
လသာဆောင်မှ ပျော်ရွှင်ကျေနပ်နေသော မျက်နှာထားဖြင့် ပြန်ဝင်လာသည့် လော့ချယ်ကို လော့ကျစ်ယွီမြင်သောအခါ ဆိုဖာပေါ်မှ အနည်းငယ် မတ်မတ်ပြန်နေလိုက်ပြီး "ဘာလဲ၊ နည်းလမ်းရှာတွေ့ပြီလား"
လော့ချယ်က အသံခပ်တိုးတိုးပေး၍ ချိတ်မှကုတ်အင်္ကျီကို ဆွဲယူလိုက်ပြီး သူ့လက်ကောက်ဝတ်ပေါ် တင်လိုက်ကာ အပြင်ထွက်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီပင်။
လော့ကျစ်ယွီက မေးလာသည်။"မင်း အခု အပြင်သွားမို့လား ဘာသွားလုပ်မှာလဲ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲကွ"
မေးခွန်းအားလုံးသည် အလျင်စလို ထွက်ခွာသွားသော လော့ချယ်၏ နောက်ကျောနှင့်သာ တွေ့သွားရသည်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)