အပိုင်း တစ်

6 1 0
                                    

ကျန်းပေ့ဟွမ် သည် ပျော့ပျောင်းသောကူရှင်ကို မှီထားရာမှ ဖြည်းညှင်းစွာထထိုင်လိုက်ပြီး မွှေးပျံ့နေအာင်ထွန်းထား‌သော အခန်းတွင်းရှိ
စန္ဒကူးနံ့သာခွက်ကို သူမ မျက်လုံးများက စိုက်ကြည့်ရင်း မထိန်းနိုင်လောက်‌ေအောင် အံဩနေမိသည်။

ငါသေသွားပြီ မဟုတ်ဘူးလား...?

...
ဘာလို့ ငါရဲ့အိပ်ယာထဲမှာ နိုးလာတာလဲ။

သူမ မျက်လုံးမှိတ်ထားလိုက်သည်နှင့် သူမ၏ အတိတ်မှ ရက်စက်သော မြင်ကွင်းများက စိတ်ထဲတွင် ထင်ထင်ရှားရှား ပေါ်လာသည်။

ထိုကံထူး‌သောနေ့တွင် သူမသည် ပင်မခန်းမကြီးထဲတွင်ရပ်နေခဲ့ပြီး သွေးများစိုရွှဲနေ၏။ အဝါရောင်ဝတ်ရုံကို ၀တ်ထားသော အမျိုးသားကို ရွယ်ထားရင်း သူမ၏ဓားသည် အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေ၏။

"ရှောင်းကျန့်ဟောင် ရှင် ကျွန်မအတွက် တကယ်ခံစားချက်မရှိခဲ့ဖူးတာလား" သူမမေးခဲ့တယ်။

"ဟုတ်တယ်" ရှောင်းကျန့်ဟောင် လှည့်ကြည့်ပြီး အေးစက်စွာ ပြန်ဖြေခဲ့သည်။

"ငါ မင်းကို မချစ်ဖူးဘူး။ ယောင်အာကသာ ငါ့ရဲ့ချစ်လှစွာသော ချင်ရဲ့ဘုရင်မဖြစ်ရမယ်"

ကျန်းပေ့ဟွမ်ဒေါသဖြင့် တုန်လှုပ်သွားခဲ့သည်။ ဒီ‌ခွေးကောင်ကတော့

သူက ခေါင်းငုံ့ပြီး သူမ မေးစေ့ကို ဆွဲမော့ကာ နားနားတွင် တိုးတိုးကပ်ပြောသည်။

''ပြီးတော့ မန်ယိ က ငါ့အမိန့်အတိုင်းလုပ်ခဲ့တာ"

ကျန်းပေ့ဟွမ်၏မျက်ရည်ကျနေသော မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်သွားသည်။ သူမ၏ဖခင်သည် နိုင်ငံတော်သစ္စာဖောက်မှုဟု လိမ်လည်စွပ်စွဲခံရသောအခါ သစ္စာဖောက်ရှိသည်ဟု သံသယရှိခဲ့သည်။ ထိုသစ္စာဖောက်က မန်ယိဟု တလျှောက်လုံးထင်ခဲ့သည်။

သူမသည် နှစ်ပေါင်းများစွာ သဘောကျခဲ့သော ဤလူကို ကြည့်ရင်း တုန်လှုပ်သွားပြီး ယုံရခက်သွားခဲ့သည် ။

သူမ၏ တုံ့ပြန်မှုကို မကျေနပ်နိုင်သော ရှောင်းကျန့်ဟောင် သည် သူမ၏ မောင်နှမများအ‌ကြောင်း
နှင့် ၎င်းတို့၏ ကြေကွဲဖွယ်အဆုံးသတ်များ တစ်ယောက်ပြီးတစ်ယောက် တွေ့ကြုံခဲ့ရပုံကို သေသေချာချာ ပြန်ပြောပြခဲ့သည်။

ကွာရှင်းပြတ်စဲသောညWhere stories live. Discover now