အပိုင်းသုံး

2 0 0
                                    


''ဘယ်လောက်တောင် မျက်နှာပြောင်တိုက်ရဲလွန်းတာလဲ''ကျန်းပေ့ဟွမ်''ကျန်းပေ့ဟွမ်က ခနဲ့တဲ့တဲ့ရယ်ရင်းပြောလိုက်သည်။

“ရှင်က ကျန်းမိသားစုရဲ့ သမီးတွေကို ရှင့်သ‌ေဘာအတိုင်း လုပ်ချင်တိုင်းလုပ် လဲချင်တိုင်းလဲလို့ရတယ် ထင်နေတာလား?”

...
ကျောက်ဖူချင်းသည် ပါးရိုက်ခံရ၍ ကြယ်တွေလတွေမြင်နေရာမှ သတိ၀င်လာပြီး ဒေါသတွေပွက်ပွက်ဆူလာကာ ခုံကိုအားဖြင့်ရိုက်လိုက်သည်။

“ငါ့ကိုပါးရိုက်ဖို့ မင်းမှာသတ္တိရှိတယ်ပေါ့?”

“အဲ့ဒါ ရှင်ကကျေးဇူးကန်းတဲ့ လူယုတ်မာမို့‌လေ” ကျန်းပေ့ဟွမ်က ယွဲ့အာလက်ထဲက ရေနွေးခွက်ကိုယူရင်း
ပြန်ပြောလိုက်သည်။

“ကျွန်မတို့အဖိုးဆီမှာ ကျွန်မကိုလက်ထပ်ခွင့်ရဖို့ အိမ်ပေါက်ဝမှာ ဒူးထောက်ပြီး ခွင့်လာတောင်းခဲ့တာ ဘယ်သူလဲ”

“မင်းသားမေ့သွားခဲ့ပြီလား?”

ကျောက်ဖူရှင်းသည် ကျန်းပေ့ဟွမ်ကို စိုက်ကြည့်ရင်း မျက်နှာက တဖြည်းဖြည်းနီမြန်းလာခဲ့သည်။.

“အတိတ်ဟုတ်လား?” လက်ဖက်ရည်ခွက်ထဲမှ ရေနွေးများကို ငြင်သာစွာမှုတ်ရင်း ကျန်းပေ့ဟွမ်က မထီသလိုမေးလိုက်သည်။

“မင်းသားက ဒါတွေအားလုံးအတိတ်ကလို မှတ်ယူထားတယ်ဆိုရင် ဘာလို့ လက်ထပ်ပွဲကို မဖျက်ရမှာလဲ? ကျွန်မတို့ ဟိုးအရင်ထဲက ဒီလက်ထပ်ပွဲကို မရှိခဲ့သလို သဘောထားလိုက်ရအောင်.”

မင်္ဂလာပွဲကို ပယ်ဖျက်မယ်!

ကျောက်ဖူချင်းကဘာမှပြန်မပြောသေးခင် ကျန်းရူယွန်က စိတ်လှုပ်ရှားမှုကြောင့် ဖြူဖျော့သွားသည်။.

သူမက ဟွိုက်နမ်အိမ်တော်နဲ့ လက်ထပ်ခွင့်ရဖို့ အများကြီးအားစိုက်ထုတ်ထားရတာ အကယ်၍လက်ထပ်ပွဲသာ ပျက်သွားခဲ့ရင်

ကျန်းရူယွန်က ဘာမှမပြောရသေးခင်  ကျိုးရုန်ဖန်က စိတ်မရှည်စွာကြားဖြတ်ပြီး “ဒီမင်္္ဂလာပွဲကို နှစ်ဖက်မိသားစုအကြီးအကဲတွေက စီစဉ်ထားခဲ့တာ၊အဲ့လို လွယ်လွယ်ဖျက်ပစ်လို့ရမလား?တကယ်လို့ ဒီစကားတွေသာ အပြင်ကိုပြန့်သွားခဲ့ရင် ကျန်းမိသားစုက ကတိမတည်တဲ့လူတွေလို့ အပြောခံရမှာ မကြောက်ဘူးလား?”

ကွာရှင်းပြတ်စဲသောညWhere stories live. Discover now