အပိုင်း ငါး

2 0 0
                                    

အခန်း ၅

"မင်းအသက်ကို သက်ညှာပေးဖို့ ဖြစ်နိုင်ပေမယ့်..." ရှောင်းနန်ရဲ့ က မျက်လွှာကိုပင့့်ကြည့်လိုက်တယ်။

"ဒီရထားလုံးကိစ္စကို ငါတို့ ဘယ်လို ရှင်းကြမလဲ

ကျောက်ဖူချင်း ၏ မျက်နှာသည် ပို၍ မည်းမှောင်သွားသည်။

မသိနားမလည်လို့ မှားတာကိုခွင့်လွှတ်တော်မူပါ။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးကိုခွင့်လွှတ်ပေးပါ”

"ကောင်းပြီလေ၊ ဒီကိစ္စကို ရွှေတေးလ်တစ်သိန်းနဲ့ ဖြေရှင်းလိုက်ရအောင်” လို့ ရှောင်းနန်ရဲ့ က အေးဆေးတည်ငြိမ်စွာ ပြောလိုက်တယ်။

ရွှေတေးလ်တစ်သိန်းဟုတ်လား။

၁၆/၈/၂၄
ဒီအရေအတွက်ကိုကြားတော့ ကျောက်ဖူချင်း ဟာ ပါးစပ်ထဲမှ သွေးအန်လုနီးပါးပါပဲ။

သူ ခုလေးတင် ကျန်းပေ့ဟွမ် ကို ရွှေတေးလ် 100,000 ကို ပေးခဲ့ရတာ အဲ့ဒါကို ရှောင်းနန်ရဲ့ ကလံ တူညီတဲ့ ပမာဏကို တောင်းဆိုနေပြန်ပြီ။

ဟွိုက်နမ်အိမ်တော်က ဘယ်လောက်ပဲ ချမ်းသာတယ်ပြောပြော ဒီလောက်ဆုံးရှုံးမှုမျိုးကိုတော့ မခံနိုင်ဘူး..

သို့သော်လည်း အသတ်မခံရဖို့က လက်ရှိတွင် ထိပ်တန်းဦးစားပေးဖြစ်သည်။

"ရွှေတွေကို ကျွန်တော်မျိုး ချန်အိမ်တော်ဆီ အမြန်ဆုံးပို့ပေးလိုက်ပါ့မယ်..."

ရှောင်းနန်ရဲ့ကခေါင်းခါလိုက်တယ်။

အိမ်ကိုပို့စရာမလိုပါဘူး။ ကျန်းအိမ်တော်ကိုပဲပို့လိုက်။”

ချန်ဘုရင်က သူ့ကိုပေးတဲ့ ရွှေတွေကို ကျန်းအိမ်တော်ဆီ ဘာကြောင့် ပို့ခိုင်းတာလဲ။

ကျောက်ဖူချင်း က စဉ်းစားလို့မရသေးခင်မှာပဲ ရှောင်းနန်ရဲ့ က သူ့အနားကဖြတ်ပြီး လျှောက်သွားနေပြီ။

တံခါးနားမှာ ရပ်နေတဲ့ အဘွားအိုက ရှောင်းနန်ရဲ့ ကို နှုတ်ဆက်ဖို့ ချက်ချင်း ရှေ့တက်လာခဲ့တယ်။

"မြင့်မြတ်လှတဲ့ အရှင်ချန်ဝမ်ရယ်ကို တွေ့ခွင့်ရတာ ဂုဏ်ယူပါတယ်" ဟု သူမက ပြောလိုက်သည်။

ကွာရှင်းပြတ်စဲသောညWhere stories live. Discover now