Introduction

328 34 10
                                    



"ကျန်းဟောက် မင်းကလည်း အခုမှပဲလာတော့တယ်"

"ကျောင်းတောင်မတက်သေးပါဘူးကွာ"

ကျန်းဟောက် အတန်းထဲဝင်လာသည်နဲ့ သူငယ်ချင်းတွေကဆီးကာအော်တော့သည်။ အခုမှ၈နာရီတောင်မခွဲသေးတာကို သူတို့ကိုက ပိုလွန်းပါသည်။

"အမှတ်တွေထွက်နေပြီကွ" သူငယ်ချင်းတစ်ယောက်က အလောတကြီးအော်ပြောလာပြန်သည်။

"ဟမ် ဘယ်မှာလဲ" ကျန်းဟောက်အတော်လေးအံ့ဩသွားသည်။ Resultတွေဒီလောက်မြန်မြန် ထွက်လာမည်ဟု သူမထင်ထားခဲ့။

"မင်းတော့ပိုကြိုးစားရတော့မယ်။ နောက်လာတဲ့အသစ်တောင်မင်းကိုကျော်တက်သွားပြီ" သူငယ်ချင်းက စာဂျပိုးကျန်းဟောက်ကိုလှောင်ချင်နေသည့်မျက်နှာထားဖြင့်ပြောလာသည်။

"ဘာပြောတယ်?အသစ်?" သူငယ်ချင်းဖြစ်သူ​၏ စကားကြောင့် ကျန်းဟောက်စိတ်ထဲထောင်းခနဲဖြစ်သွားမိသည်။

"အေးလေ ငါတို့အတန်းထဲလူသစ်ပြောင်းလာတာ မင်းမသိဘူးလား?"

"ဟင့်အင်း အခုမင်းတို့ပြောမှသိတာ" ကျန်းဟောက်တကယ်ကိုမသိချေ။ ကျန်းဟောက်က အတန်းထဲမှာစာလိုက်မှတ်ဖို့ကလွဲပြီးကျန်တာတွေသိပ်စိတ်မဝင်စားတတ်။ အတန်းထဲကသူတွေကိုလည်းမှတ်မထား။

"မင်းကတော့ကွာ။ လာ ငါတို့မိတ်ဆက်ပေးမယ်"

"ဒါခုန ငါပြောတဲ့ အသစ်လေ။ ဆောင်းဟန်ဘင်းတဲ့"
သူကြည့်လိုက်တော့မျက်တောင်ရှည်ရှည်လေးများဖြင့်ကောင်လေးက ကြောင်ခြစ်ရာလေးများပေါ်အောင်ပြုံးပြလာသည်။ သူငယ်ချင်းတွေဆီက အပြောခံထားရလို့မကြည်နေတဲ့စိတ်တွေပင်ဘယ်ရောက်သွားသည် မသိတော့။

ထိုနေ့မှစခါ သူ့ရင်ထဲကိုမျက်တောင်ရှည်လေးများ​၏ပိုင်ရှင်ကြောင်ပေါက်လေးတစ်ကောင်ဝင်ရောက်လာခဲ့လေသည်။ ဒီကြောင်လေးက သူ့နှလုံးသားထဲမှာအပြီးနေရာယူမယ်မှန်းသိရင် သူဝင်ခွင့်ပေးခဲ့ပါ့မလား?

ဒီficလေးကတော့slow romanceလေးကိုမှ သူငယ်ချင်းကြားမှာပေါ်လာတဲ့အချစ်အကြောင်းလေးပါ။
လူတိုင်းမှာကိုယ်ရင်ခုန်ဖူး ခိုးချစ်ဖူးတဲ့သူငယ်ချင်းတစ်ယောက်တော့ရှိဖူးမယ်ထင်ပါတယ်။ အခုကျန်းဟောက်ဆိုတဲ့ကောင်လေးကလည်း သူ့သူငယ်ချင်းလေးကို ချစ်မိသွားပြီထင်ပါရဲ့။ သူ့သူငယ်ချင်းလေးကရော သူ့အပေါ်ဘယ်လိုသဘောထားမှာလဲ?

"မင်းကိုငါကြိုက်နေမိပြီထင်တယ်"

- Zhang Hao

"I like you a lot but I can't date you. ငါမင်းကိုမကြိုက်တာမျိုးတော့မဟုတ်ပေမယ်ငါမင်းနဲ့တော့dateမလုပ်နိုင်ဘူး။ မင်းနဲ့ငါနဲ့ best friendလိုပဲဆက်သွားတာ ပိုအဆင်ပြေမယ်လို့ငါထင်တယ်"

- Sung Hanbin

From friendship to....Where stories live. Discover now