"ကျန်းဟောက် မင်းကလည်း ဒီလိုကြီးအတန်းထဲမှာထိုင်နေတော့မှာလား? နားချိန်လေးမှာ canteenလေးဘာလေးသွားရအောင်လေ""မသွားချင်ပါဘူးကွာ။ပျင်းစရာကြီး" ကျန်းဟောက်ဖတ်လက်စစာအုပ်ဆီမှအကြည့်မခွာပဲပြန်ပြောလိုက်သည်။
"ပြီးရောကွာ ဒါဆိုလည်းနေခဲ့" သူငယ်ချင်းတွေက ဟာအို့ကိုစိတ်မရှည်စွာဖြင့်ထားခဲ့တော့သည်။
ဟာအိုလွယ်အိတ်ထဲမှစာအုပ်ထုတ်ရန်အနောက်လှည့်လိုက်သော မျက်ဆောင်ရှည်လေးများအုပ်မိုးထားတဲ့မျက်ဝန်းပိုင်ရှင်နဲ့ဆုံသည်။ ဆက်ဆံရေးကောင်းသူမို့လားတော့မသိ ဟာအို့ကြောင်ခြစ်ရာလေးများပေါ်အောင်ပြုံးပြနေပြန်သည်။ ဟာအိုယောင်နနဖြင့်ပြုံးပြရင်း ရှေ့ကိုပြန်လှည့်လာလိုက်သည်။
"အဲ့တစ်ယောက်နာမည်က ဘာပါလိမ့်"
မျက်နှာကိုမှတ်မိနေသောလည်း နာမည်မမှတ်မိတတ်သူပီပီနာမည်ကိုလုံးဝစဉ်းစားမရတော့ချေ။
ဒီလိုနဲ့ဟာအိုတို့အလယ်တန်းပြီးခါနီးအချိန်ကိုရောက်လာခဲ့သည်။သူကတော့မျက်လုံးချင်းဆုံတိုင်းအမြဲပြုံးပြနေဆဲပင်။ ဒီထက်တော့ပိုမရင်းနှီးလာခဲ့ပါ။ ပိုရင်းနှီးချင်မိသော်လည်း introvertလေး ဟာအို့အတွက် ဒီကိစ္စက ခက်ခဲလွန်းလှသည်။အခုဆို ဟာအိုက သူငယ်ချင်းတွေနှင့်ပိုမိုဝေးကွာလာကာ အထီးကျန်လာခဲ့သည်။ အတူပေါင်းနေသော်လည်း သူတို့ဘာတွေပြောလို့ဘာတွေလုပ်နေမှန်းပင် ဟာအိုမသိချေ။
အထက်တန်းစတက်ရသည့်ပထမနေ့
ဟာအိုဒီနှစ်တွင်တော့ စာကိုသာဖိလုပ်ပြီး
အစတည်းကအစေးမကပ်သောသူငယ်ချင်းတွေနဲ့ခပ်တန်းတန်းသာနေတော့ရန်ဆုံးဖြတ်ထားသည်။ သို့သော် ကံတရားကမျက်နှာသာမပေးခဲ့ချေ။ ဟာအိုနှင့် မျက်နှာကြောမတည့်ဆုံးသူငယ်ချင်းနဲ့မှဘေးချင်းကပ်ထိုင်ရလေသည်။
အရှေ့ခုံတွင်တော့ ဆောင်းဟန်ဘင်းနဲ့ သူ့သူငယ်ချင်းတစ်ယောက်ထိုင်နေသည်။ဟာအိုနေရာတွင်သာဝင်ထိုင်ပြီး စိတ်ပျက်ပျက်ဖြင့် စာလုပ်ရန်သာပြင်လိုက်သည်။ဟာအိုအပေါင်းအသင်းနည်းတာ ဆောင်းဟန်ဘင်းကရိပ်မိဟန်တူသည်။ ဟာအို့ကိုစကားလာလာပြောပြီး သူတို့နဲ့လာပေါင်းဖို့ခေါ်သည်။
ဟာအို့က ခပ်တန်းတန်းနေသော်လည်း အရင်ထက်တော့ ဆောင်းဟန်ဘင်းနှင့်နီးကပ်လာသည်။ သူ့သူငယ်ချင်း နမ်ဒယ်ဟွန်းကလည်း ဟာအို့ကိုခင်ချင်ပုံပေါ်ကာ ဟာအို့နားလာလာကပ်ပြီးစကားလာပြောလေ့ရှိသည်။
![](https://img.wattpad.com/cover/373810041-288-k954503.jpg)
YOU ARE READING
From friendship to....
Fiksi Penggemarဒီကြောင်လေးက သူ့နှလုံးသားထဲမှာအပြီးနေရာယူမယ်မှန်းသိရင် သူဝင်ခွင့်ပေးခဲ့ပါ့မလား?