ဒီနေ့ကျောင်းရောက်တည်းက ဟာအို ဟန်ဘင်းကိုစကားမပြောမိ။ ဟန်ဘင်းကလည်း ခါတိုင်းလိုနှုတ်ဆက်တာမျိုးပင်မရှိ။'ဒီလိုဆိုတော့လည်းကောင်းတာပဲ။ ငါတကူးတကကြီးစိတ်ထိန်းနေဖို့မလိုတော့ဘူးပေါ့' ဟာအို အကောင်းဘက်ကသာတွေပြီး ကိုယ့်စာကိုယ်လုပ်နေလိုက်သည်။ ထမင်းစားချိန်ရောက်သည့်တိုင်ဆောင်းဟန်ဘင်းက စကားမပြောလာခဲ့ချေ။ ဒီလိုချည်းတော့မဟုတ်သေးဘူး ဟု တွေးမိတာကြောင့် ဟာအို ဟန်ဘင်းကို ထမင်းအတူသွားစားဖို့ပြောရန်ပြင်လိုက်သည်။
"ဟန်ဘင်း...ငါ..."
"ဟန်ဘင်း ထမင်းသွားစားရအောင်လေ"
"အင်းသွားမယ်လေ"
ဟာအိုဘာမှမပြောရသေးခင်ပင် ဟန်ဘင်းက ဟာ့အိုတစ်ချက်တောင်လှည့်မကြည့်ပဲ ဒယ်ဟွန်းနဲ့အတူထွက်သွားလေသည်။
"ငါ့ကို ခါတိုင်း အမြဲစကားလိုက်ပြောနေတဲ့ ဆောင်းဟန်ဘင်း အလုတော့ အဖတ်တောင်မလုပ်တော့ပါလား။ ရတယ်လေ သူက အဲ့လိုဆိုမှတော့ ငါလည်းအရင်လိုပြန်နေရုံပဲပေါ့"
"ဟာအို ဟျောင်း...ကျွန်တော်နဲ့ထမင်းသွားစားရအောင်လေ"
"အင်းသွားတာပေါ့"
ဟန်ဘင်း တံခါးပေါက်နားရောက်တော့ ဟာအိုဟျောင်းသူခေါ်သံကြား၍လှည့်ကြဘ့်မိတော့ ကျန်းဟောက်နားတွင် ဟိုနေ့က ကောင်လေးကိုတွေ့လိုက်ရသည်။
"ဘာလဲ? ကျန်းဟောက်က သူ့သူငယ်ချင်းတစ်ယောက်လုံးသူ့ကိုစကားမပြောတာကို မေးတောင်မမေးတော့ဘူးလား?" ဆောင်းဟန်ဘင်းစိတ်ထဲတွင်ချဉ်စူးစူးဖြစ်သွားမိသည်။
ထမင်းစားဆောင်တွင်
"ဟာအိုဟျောင်း စားလေ ဘာတွေကြည့်နေတာလဲ?"
"ဘာမှမဟုတ်ပါဘူး"
"ရော့ ဒါလေးစားကြည့်ကောင်းတယ်"
"အင်း"
"ဟျောင်း ဒါနဲ့လေ ဟိုနောက်က ဟျောင်းနဲ့မတည့်ဘူးလား?"
"ဟင် ဘာလို့လဲ?" ထိုကောင်လေး စကားကြောင့်ဟာအိုထမင်းငုံ့စားနေရာကမော့ကြည့်လိုက်မိသည်။

YOU ARE READING
From friendship to....
Fanfictionဒီကြောင်လေးက သူ့နှလုံးသားထဲမှာအပြီးနေရာယူမယ်မှန်းသိရင် သူဝင်ခွင့်ပေးခဲ့ပါ့မလား?