"ကျန်းဟောက် မင်းကလည်း အခုမှပဲလာတော့တယ်""ကျောင်းတောင်မတက်သေးပါဘူးကွာ"
ကျန်းဟောက် အတန်းထဲဝင်လာသည်နဲ့ သူငယ်ချင်းတွေကဆီးကာအော်တော့သည်။ အခုမှ၈နာရီတောင်မခွဲသေးတာကို သူတို့ကိုက ပိုလွန်းပါသည်။
"အမှတ်တွေထွက်နေပြီကွ" သူငယ်ချင်းတစ်ယောက်က အလောတကြီးအော်ပြောလာပြန်သည်။
"ဟမ် ဘယ်မှာလဲ" ကျန်းဟောက်အတော်လေးအံ့ဩသွားသည်။ Resultတွေဒီလောက်မြန်မြန် ထွက်လာမည်ဟု သူမထင်ထားခဲ့။
"မင်းတော့ပိုကြိုးစားရတော့မယ်။ နောက်လာတဲ့အသစ်တောင်မင်းကိုကျော်တက်သွားပြီ" သူငယ်ချင်းက စာဂျပိုးကျန်းဟောက်ကိုလှောင်ချင်နေသည့်မျက်နှာထားဖြင့်ပြောလာသည်။
"ဘာပြောတယ်?အသစ်?" သူငယ်ချင်းဖြစ်သူ၏ စကားကြောင့် ကျန်းဟောက်စိတ်ထဲထောင်းခနဲဖြစ်သွားမိသည်။
"အေးလေ ငါတို့အတန်းထဲလူသစ်ပြောင်းလာတာ မင်းမသိဘူးလား?"
"ဟင့်အင်း အခုမင်းတို့ပြောမှသိတာ" ကျန်းဟောက်တကယ်ကိုမသိချေ။ ကျန်းဟောက်က အတန်းထဲမှာစာလိုက်မှတ်ဖို့ကလွဲပြီးကျန်တာတွေသိပ်စိတ်မဝင်စားတတ်။ အတန်းထဲကသူတွေကိုလည်းမှတ်မထား။
"မင်းကတော့ကွာ။ လာ ငါတို့မိတ်ဆက်ပေးမယ်"
"ဒါခုန ငါပြောတဲ့ အသစ်လေ။ ဆောင်းဟန်ဘင်းတဲ့"
သူကြည့်လိုက်တော့မျက်တောင်ရှည်ရှည်လေးများဖြင့်ကောင်လေးက ကြောင်ခြစ်ရာလေးများပေါ်အောင်ပြုံးပြလာသည်။ သူငယ်ချင်းတွေဆီက အပြောခံထားရလို့မကြည်နေတဲ့စိတ်တွေပင်ဘယ်ရောက်သွားသည် မသိတော့။ထိုနေ့မှစခါ သူ့ရင်ထဲကိုမျက်တောင်ရှည်လေးများ၏ပိုင်ရှင်ကြောင်ပေါက်လေးတစ်ကောင်ဝင်ရောက်လာခဲ့လေသည်။ ဒီကြောင်လေးက သူ့နှလုံးသားထဲမှာအပြီးနေရာယူမယ်မှန်းသိရင် သူဝင်ခွင့်ပေးခဲ့ပါ့မလား?
ဒီficလေးကတော့slow romanceလေးကိုမှ သူငယ်ချင်းကြားမှာပေါ်လာတဲ့အချစ်အကြောင်းလေးပါ။
လူတိုင်းမှာကိုယ်ရင်ခုန်ဖူး ခိုးချစ်ဖူးတဲ့သူငယ်ချင်းတစ်ယောက်တော့ရှိဖူးမယ်ထင်ပါတယ်။ အခုကျန်းဟောက်ဆိုတဲ့ကောင်လေးကလည်း သူ့သူငယ်ချင်းလေးကို ချစ်မိသွားပြီထင်ပါရဲ့။ သူ့သူငယ်ချင်းလေးကရော သူ့အပေါ်ဘယ်လိုသဘောထားမှာလဲ?"မင်းကိုငါကြိုက်နေမိပြီထင်တယ်"
- Zhang Hao
"I like you a lot but I can't date you. ငါမင်းကိုမကြိုက်တာမျိုးတော့မဟုတ်ပေမယ်ငါမင်းနဲ့တော့dateမလုပ်နိုင်ဘူး။ မင်းနဲ့ငါနဲ့ best friendလိုပဲဆက်သွားတာ ပိုအဆင်ပြေမယ်လို့ငါထင်တယ်"
- Sung Hanbin
YOU ARE READING
From friendship to....
Fanfictionဒီကြောင်လေးက သူ့နှလုံးသားထဲမှာအပြီးနေရာယူမယ်မှန်းသိရင် သူဝင်ခွင့်ပေးခဲ့ပါ့မလား?