Unicode
"ကိုယ်ရဲ့ ခွေးပေါက်လေးအတွက်!"
"ရှင်နော်"
"ဟိတ်!ကိုယ့်ထက်ကြီးတဲ့ လူကိုအဲ့လိုပဲခေါ်ရလား!"
"ခင်ဗျား Parallel World ကလာတော့ သုနဲ့အသက်တူတူပဲထင်တာပေါ့!"
"ကိုယ်ထက်ပုံစံက မင်းနဲ့ရွယ်တူပုံစံပေါက်နေလို့လား!ပြောစမ်းပါအုန်း!"
"သေချာပေါက် အိုစာနေတာအသိသာကြီးကို!ဟွန်း!"
သုက နှာတစ်ချက်မှုတ်ရင်း သူလုပ်ပေးထားသည့် အသားကင်တစ်ခုကို ပါးစပ်ထဲကောက်ထည့်၏။
"အဖိုးကြီးလို့ပြောချင်တာလား!"
"အဲ့လောက်တော့လဲ မအိုသေးပါဘူး!"
"ဒီမှာ...မင်းကို ကိုယ်ပြောပြမယ်!ကိုယ်က မင်းရဲ့Parallel World ကလာတဲ့ မင်းဆိုပေမယ့် ကိုယ်က မင်းထက်၈နှစ်လောက်ကြီးတယ် သဘောပေါက်လား !"
"ဟင်!တကယ်လား!"
ဒီတစ်ခါတော့ ခေါင်းငုံ့ကာ အစားငမ်းနေသည့် ကလေးပေါက်က ခေါင်းမော့က တအံ့တသြ မေးလာသည်။
"သုက ရွယ်တူမဟုတ်ရင်တောင် ၁နှစ်၊၂နှစ်လောက်ပဲကြီးမယ်ထင်နေတာ!"
"ကိုက အဲ့လောက်နုနေလို့လား!"
"နုတော့မနေဘူးပေါ့!နုမနေတာထက် တမင်ရင့်အောင်လုပ်ထားသလိုပဲ!"
"အဟွန်း!"
"မရယ်ပါနဲ့!ရှင်!"
သုက ခက်ရင်းနှင့်ရွယ်ကာ မျက်စောင်းထိုးတော့ သုကဘာလဲဆိုသည့်ပုံနှင့်မျက်ခုံးလှုပ်ပြသည်။ယင်းယာက ပြန်ပြီး နှာခေါင်းရှုံ့ကာ မေးဆတ်ပြ၏။နှစ်ယောက်လုံးက အသံတိတ်စစ်တိုက်ပြီး ခနအကြာမှ...၊
"သု အတည်မေးမယ်နော်!"
"အင်း!"
ဒေး က ဝိုင်ခွက်ကို ဟန်ပါပါလှုပ်လိုက်ရင်း သုအမေးကို ခွင့်ပြုသလိုဆို၏။
"ရှင်က Parallel World က လာပြီး သုကိုလည်းသိတယ်လို့ပြောတယ်နော်....၊အဲ့တာ သုကိုဘယ်လိုမျိုးသိတာလဲ....၊အဲ့ဘက်ကမ္ဘာမှာရော သုလိုမျိုး သုတန်ဖိုးတစ်ယောက်ရှိသေးတာလားဟင်"
"အင်း....၊ရှိတယ်"
"သူက အခုအဲ့ကမ္ဘာမှာပဲရှိသေးလားဟင်....၊အခုဘာတွေလုပ်နေလဲ...၊သုလိုပဲလား"
YOU ARE READING
Two Worlds [Complete]