အပိုင်း_၈

1.1K 162 35
                                    

( UNICODE Version )

( အပိုင်း_၈ )

* လူမရှိဘူးလား။ *

တိတ်ဆိတ်နေသည့်အခန်းကြောင့် ဂျီမင်းရဲ့တက်ကြွနေတဲ့စိတ်ခံစားချက်တွေမှာ လေလျော့ခံလိုက်ရတဲ့ပူဖောင်းတစ်လုံးနှယ် နွမ်းသွားရသည်။တွေ့ချင်နေတဲ့လူကို မတွေ့ရ၊မမြင်ရတော့ စိတ်အလိုမကျတွေဖြစ်ရပြီး ​​ဖိနပ်ထိပ်ဖြင့် မြေပြင်က ဂဝံခဲ(ဂဲ)တွေအား ကန်နေပြန်သည်။

* ဟိတ်ကြက်တွေ လာလာ..လာလာ။မြန်မြန်စားလိုက်ကြ။မင်းတို့သခင်ကအလေလိုက်ဖို့ပဲသိတဲ့လူ။အလကားလူ။ *

ပြီးသည့်နောက် ပြောင်းဆန်တစ်ချို့ကိုကျဲပြစ်လိုက်ပြီး ကြက်စာကျွေးနေသည်မှာ စူစူအောက်အောက်နှင့်။ကြက်စာကျွေးချင်တာထက် ကြက်ပိုင်ရှင်ကို လာချောင်းတာကပိုပြီးဖြစ်နိုင်ချေရှိ၏။ဟုတ်၏။ဂျီမင်းသည်Alpha
ကြီးကို မိုးလင်းတာနဲ့တွေ့ချင်တော့တာလေ။

ကိုယ်စီကိုယ်ငှအလုပ်ရှိကြတဲ့လူတွေထဲမှာ တစ်နေ့တစ်နေ့အလုပ်မရှိအကိုင်မရှိတာဆိုလို့သူတစ်ဦးသာရှိပြီး ထို့ကြောင့်ပင် Alphaကြီးကိုချောင်းမြောင်းရခြင်းက သူ့အလုပ်ဖြစ်လာတော့တယ်။အဲ့လိုလုပ်နေရတာကိုပင် သူဟာ သဘောကျနေမိတော့ အခက်။

Rut.?Heat.?ငါမသိတော့ဘူး။အဲ့ဒါပြီးသွားသည်ကစလို့ ဂျီမင်းအဲ့ဒီလူကို သဘောကျနေပြီဆိုတာ သိခွင့်ရလိုက်တယ်။တစ်သက်လုံး
Alphaတစ်ယောက်လိုနေလာခဲ့ပြီး လက်ထပ်ချင်တဲ့လူကလည်းOmegaလှလှလေးဖြစ်ပါလျက်နဲ့ ဂျီမင်းလေ သူ့ကိုရင်ခုန်မိသွားတယ်။

Alphaက တစ်ခြားAlphaကိုခံစားချက်ရှိနေတာက ရှက်ဖို့ကောင်းတယ်မလား။လက်ခံဖို့လည်းခက်တယ်။ဒါပေမယ့် ကိုယ့်စိတ်ကိုယ်သိလိုက်တဲ့အချိန်၊လက်ခံပေးလိုက်တဲ့အခါ..
ရင်ခုန်ရပြန်ပါတယ်။ဂျီမင်းခံစားချက်တွေက
မှားများမှားသွားပြီလား။မမှားဘူးမလား...။

သူ့ရဲ့ဖြစ်တည်မှုအမှန်ကို အစ်ကိုသိပေမယ့်
သူ့ကိုဝန်ခံခိုင်းတာမျိုး၊နေရခက်စေတာမျိုး၊စိတ်ကျဥ္းကြပ်စေတာမျိုးတွေ အစ်ကိုဟာ ဘာတစ်ခုမှမကျူးလွန်ခဲ့ဘူး။သူဘယ်လိုပုံစံနဲ့နေနေ အစ်ကိုက လက်ခံပေးမယ့်လူမျိုး။
အဲ့ဒါကြောင့်လည်း အစ်ကို့ကိုကြိုက္မိခဲ့တာ။

Honey(completed)Wo Geschichten leben. Entdecke jetzt