အခန်း ၃

325 7 5
                                    

("ကျစ်!! တကယ်ကြီးပြောနေတာလား။")

(........)

("Sh*t..ဦးဆွေးဆွေးညီတို့က ငါ့ကို Househusband လုပ်စေချင်နေတာလားကွာ။")

(.........)

("အေး။ အေးပါ ငါဒီတစ်ပတ်အတွင်း အပြီးဆွဲပေးမယ်။ Ok..Ok....")

(.........)

("ငါပြီးရင်ပို့ပေးလိုက်မယ်။Ok! Bro...Bye")

နူးညံ့ညံ့ဩရှရှအသံလေးကြောင့် နမ်းအိပ်နေရာက နိုးလာခဲ့သည်။ မျက်လုံးကို တစ်ချက် ဖွင့်ကြည့်မိတော့ အသံပိုင်ရှင်လေးက ပြတင်းပေါက်ဘောင်ပေါ် လက်တင်ရင်း ဖုန်းပြောနေသည်။ မနက်ခင်းနေရောင်နွေးနွေးအောက် ထိုလူသေးသေးလေးရဲ့ ရွှေအိုရောင်ဆံနွယ်လေးတွေက အခန်းထဲတိုးဝင်လာတဲ့ နေရောင်ခြည်လေးကဲ့သို့ တောက်ပနေသည်။ မြင်နေရတဲ့ နောက်ကျောပြင်လေးက နမ်းရဲ့ Bathrobe ဆိုဒ်ကြီးကြီးကြောင့် ကလေးသေးသေးလေးနဲ့ပိုတူနေသည်။ ကြားနေရတဲ့ English စကားပြောသံဩဩလေးက အိပ်ယာထထချင်းမို့လားတော့မသိ မနေ့ကထက်တောင် ပိုဩရှနေသေးသည်။

ဖုန်းပြောပြီးလို့ ဒီဘက်လှည့်လာသူရဲ့မျက်နှာလေးက စိတ်အလိုမကျမှုကြောင့် ဆူပုတ်နေတာများ တကယ့်ကလေးလေးအတိုင်းပင်။ နမ်းနိုးနေတာကို မြင်တာနဲ့ ဆူထွက်နေတဲ့နှုတ်ခမ်းဖူးဖူးလေးတွေက အပေါ်ကိုချက်ချင်းကော့ညွတ်သွားပြီး ပြုံးပြလာသည်။

"ကိုယ့်ကြောင့်နိုးသွားတာထင်တယ်။ Sorry နော်"

နမ်းသူ့ကိုခေါင်းသာခါပြလိုက်သည်။

"မင်းပြန်အိပ်ချင်အိပ်လေ ခုမှ ခြောက်နာရီကျော်ပဲရှိသေးတယ်။"

နမ်းကို အပြုံးနုနုနဲ့ပြောနေတဲ့ ကလေးသာသာလူလေးက သူ့ကိုသူငုံ့ကြည့်ပြီးကာမှ တစ်ခုခုကို သတိရသွားသလို နမ်းကို တောင်းဆိုအသနား‌ခံသလိုအပြုံးလေးပြုံးပြလာသည်။

"ကိုယ့်ကို ဝတ်စရာတစ်ခုခုငှားပါလား။"

"ဟမ်"

နမ်းသေချာကြားလိုက်ပေမယ့် မျက်မှောင်ကြုံ့ပြီး ထပ်မေးလိုက်သည်။ တခြားကြောင့်တော့မဟုတ် ဒီလူ အဝတ်အစားတောင်ငှားဖို့ပြောရလောက်တဲ့အထိ ဘာဆိုဘာမှယူမလာတာက ထူးဆန်း‌မနေဘူးလား။ အနည်းဆုံးတော့ တစ်ရက်၊နှစ်ရက်စာလောက် အဝတ်အပိုယူခဲ့သင့်တယ်လေ။

My Strange Husband (သို့) နေခြည်အေးအားနမ်းရှိုက်ခြင်းWhere stories live. Discover now