******_လွန်ခဲ့သောတစ်လခန့်က_******
"အင်း အကိုလည်း မွှေးလိုပါပဲ။ ဆွေးဆွေးညီ မင်း ဟိုကောင်လေးကို ဘယ်သူ့လက်ထဲအပ်ပေးဖို့ စီစဉ်ထားလဲ။"
" Our Sunshine "
ဆွေးနှုတ်က အဖြေကိုပြောပြီးတာနဲ့ တွေးထားခဲ့သလို အကိုကြီးနဲ့ မမတို့ဆီမှငြိမ်သက်တိတ်ဆိတ်သွားမှုသည် ကျယ်လောင်လာ၏။
"Sunshine က __"
"မင်းပဲ စီစဉ်လိုက်တော့ ဆွေးဆွေးညီ"
အကြောင်းပြချက်ပေးဖို့ လုပ်နေတုန်း အကိုကြီးရဲ့ကြားဖြတ်ပြောလာတဲ့ စကားကြောင့် ဆွေးအံ့ဩမိသွားတယ်။ အကိုကြီးကတော့ ဆွေးကိုလေးနပ်စွာ ခေါင်းညိတ်ပြလာသည်။
"Our Sunshine လေးက လူကောင်းလေးပဲဟာ မမလည်း သဘောတူပါတယ်။ တို့ဆွေးလေးရဲ့ ဆုံးဖြတ်ချက်တွေက ဘယ်တုန်းကများမှားဖူးလို့လဲနော်"
မမကပါ ပြုံးရွှင်စွာပြောလာသောကြောင့် ဆွေးစိတ်သက်သာရာရရသည်။ အဆင်းသိအချင်းသိချင်းတွေမို့ ဆွေးတူလေးကို Sunshine လက်ထဲအပ်ပြီးရင် အရာရာစိတ်ချသွားရမည်လို့ ဆွေးယုံကြည်ထားသည်။ ဆွေးက Sunshine ကိုယုံကြည်သလို အကိုကြီးနဲ့မမကလည်း ယုံကြည်ပေးလာတဲ့အတွက် ဆွေးအရမ်းဝမ်းသာမိတယ်။ မမတို့နဲ့ Sunshine က ဘယ်လောက်ပဲရင်းနှီးတယ်ပြောပြော တူလေးနဲ့ မျိုးတူယောက်ျားလေးဖြစ်နေတဲ့ တစ်ချက်ကြောင့် ဆွေးစိုးရိမ်နေခဲ့ရတာ။ မမလက်ခံရင်တောင် အကိုကြီးက ငြင်းမယ်ထင်နေခဲ့တာ။ ဒါပေမယ့် အခုလို အားလုံးချောချောမွေ့မွေ့ဖြစ်သွားတော့လည်း ဆွေးမြန်မြန်စိတ်အေးရတာပေါ့။
ကာရကံရှင်တွေမသိရပါဘဲ လက်ထပ်ပွဲရက်ကို ဆွေးတို့သတ်မှတ်လိုက်ကြသည်။ ဆွေး Video Call ကို ချကာ ဒီကလက်ကျန်အလုပ်တွေကို သုံးလေးရက်နဲ့ အပျက်ဖျက်လို့ရတာဖျက် သူများလွှဲလို့ရတာလွှဲ အပြီးလုပ်ရသည်။ လက်ထပ်ပွဲမပြီးမချင်း ဆွေးတိုက်ပွဲတစ်ခုကို ရွတ်ရွတ်ချွန်ချွန်တိုက်ခက်ရမည်လေ။ ဒါကြောင့် ဆွေးမှာအလုပ်အတွက် အချိန်မရှိတော့။
................................
# Milan မြို့၏ တစ်နေရာ #
လေဆိပ်အပြင်ကိုရောက်တာနဲ့ ဘယ်ဘက်ရင်အုံက တစ်ခုခုဖြစ်သွားသလိုခံစားလိုက်ရသည်။ အမြင်အာရုံထဲမှာလည်း ပုံရိပ်လေးတစ်ခုကို ဖြိုးဖြိုးဖျက်ဖျက်မြင်လိုက်ရသလိုပင်။ ကြည့်ရတာ ခုရက်ပိုင်း Coffee တွေ အသောက်များလို့ထင်သည်။ ဆွေး Coffee လျော့သောက်မှဖြစ်တော့မည်။
YOU ARE READING
My Strange Husband (သို့) နေခြည်အေးအားနမ်းရှိုက်ခြင်း
Romanceမိဘတွေ အတင်းပေးစားလို့ လက်ထပ်လိုက်ရသူနဲ့ သူငယ်ချင်းအရင်းကြီးရဲ့ အကျက်ကိုင်မှုကြောင့် လက်ထပ်လိုက်ရသူတို့ နှစ်ယောက်တစ်ကမ္ဘာတည်ရတဲ့အခါ အခြေအနေတွေက ဘယ်လိုတွေဖြစ်လာမလဲ။ လက်ထပ်ပွဲထဲရောက်မှ တစ်ယောက်ကိုတစ်ယောက် ပထမဆုံးမြင်ဖူးကြတဲ့သူတို့ရဲ့ကံကြမ္မာကရော ဘယ်လိ...