နမ်း မျက်နှာမပျက်အောင် အစွမ်းကုန်ကြိုးစားရင်း ဖြစ်သမျှအကြောင်းအကောင်းလို့သာမှတ်လိုက်တော့သည်။ လျှောက်လမ်းပေါ်က ဖြူလွလွပုံရိပ်လေးကလည်း နမ်းရှိရာသို့ တဖြည်းဖြည်း တိုးကပ်လာနေပြီ။ ဇာပဝါအောက်မှာ ရှိနေမည့် မျက်နှာတစ်ခုကိုလည်း နမ်းအရမ်းကြီးမျှော်လင့်မနေတော့။ နမ်းက aromantic သမားဖြစ်တဲ့အတွက် မိန်းကလေးတွေကိုတောင် တော်ရုံစိတ်ဝင်စားတတ်တာမဟုတ် ကိုယ်နဲ့မျိုးတူယောက်ျားလေးတွေဆိုရင် ပိုဆိုးပေါ့။ နမ်းအသိတွေထဲမှာတော့ Same gender ချင်းယူထားတဲ့သူတွေရှိပေမယ့် ကိုယ်တိုင်ဒီလိုအဖြစ်မျိုး ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ နမ်းမတွေးမိခဲ့။
ခုလည်း ကိုယ့်အသားကို အကြိမ်ကြိမ်ဆိတ်ဆွဲကြည့်နေမိတယ် ။ ဆိတ်ဆွဲထားတဲ့နေရာက နာနေတာတောင် နမ်းလက်မခံချင်သေး။ တဖြည်းဖြည်းနီးကပ်လာတဲ့သူက နမ်းရဲ့အရှေ့နားမှာ ခြေစုံရပ်လိုက်တာတောင် နမ်းမယုံချင်သေး။
နမ်းရှေ့က ရပ်နေတဲ့ လူကိုကြောင်ပြီးငေးကြည့်နေမိတာက နမ်းကိုတစ်ယောက်ယောက် ကလက်လာတို့တဲ့အချိန်အထိပင်။ လက်တို့လာတဲ့လူကိုလှည့်ကြည့်လိုက်တော့ သဘာပတိဖြစ်နေပြီး နမ်းကို မျက်နှာရိပ်မျက်နှာကဲနဲ့ ရှေ့ကလူရဲ့လက်ကိုဆွဲယူဖို့တိုက်တွန်းနေတယ်။
ဘာမှမလုပ်နိုင်တော့တဲ့အဆုံး နမ်းလက်ကိုရှေ့ကလူဆီဖြန့်ပေးလိုက်သည်။ မတည်ငြိမ်နေတဲ့ စိတ်အစုံက ခုမှပို၍ ခြောက်ခြားသွားရပြီ။ အကြောင်းက နမ်းလက်ကိုလာစုပ်ကိုင်တဲ့ လက်သေးသေးလေးကြောင့်ပင်။ သေးတာမှကလေးလက်ကလေးလို တကယ့်ကိုသေးသေးလေး။ နမ်းသေချာဖျစ်ကြည့်မိတော့လည်း လက်သေးသေးလေးက ပျော့ပြောင်းနူးညံ့နေတာများ အရိုးတောင်မရှိသလောက်ပင်။ နမ်းဆံပင်တွေပါထောင်ထလောက်တဲ့အထိ ခြောက်ခြားသွားရတယ်။ ဖေဖေတို့နမ်းကို ထောင်ထဲရောက်အောင်ပို့လိုက်ပြီလားလို့ စိတ်ထဲခပ်ရူးရူးတွေးလိုက်မိသေး။
လက်သေးသေးလေးရဲ့ ပိုင်ရှင်မျက်နှာကိုတော့ ဇာပဝါကြောင့် သေချာမမြင်ရ။ ဒါပေမယ့် နမ်းဘေးယှဉ်ရပ်လာသူရဲ့အရပ်နဲ့ပင် နမ်းချက်ချင်းဝဋ်လည်ပြီမှန်း သိလိုက်တယ်။ ခုဏကဦးငယ်ညွှန်ပြသွားတဲ့ 'ကျော်ဌေးလွင်'ဆိုလား 'ကျော်အေးလွင်'ဆိုလား အဲ့လူကမှ နမ်းဘေးကအကောင်သေးသေးလေးထက် ပိုအရပ်မြင့်အုံးမယ်။ နမ်းအရပ်ကလည်း ၆ပေ၄လောက်ရှိတော့ ဒီလက်သေးသေးလေးနဲ့လူက လျှောက်လမ်းမှာတစ်ယောက်တည်း လျှောက်လာတုန်းကတော့ အကောင်း အခုနမ်းဘေးကိုရောက်မှ နဂိုထပ်ပို၍သေးကွေးသွားသယောင်။
YOU ARE READING
My Strange Husband (သို့) နေခြည်အေးအားနမ်းရှိုက်ခြင်း
Romanceမိဘတွေ အတင်းပေးစားလို့ လက်ထပ်လိုက်ရသူနဲ့ သူငယ်ချင်းအရင်းကြီးရဲ့ အကျက်ကိုင်မှုကြောင့် လက်ထပ်လိုက်ရသူတို့ နှစ်ယောက်တစ်ကမ္ဘာတည်ရတဲ့အခါ အခြေအနေတွေက ဘယ်လိုတွေဖြစ်လာမလဲ။ လက်ထပ်ပွဲထဲရောက်မှ တစ်ယောက်ကိုတစ်ယောက် ပထမဆုံးမြင်ဖူးကြတဲ့သူတို့ရဲ့ကံကြမ္မာကရော ဘယ်လိ...